
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံး၊ မြောင်းမြမြို့နယ်တာဝန်ခံ ဒေါ်ရည်မွန်သန့်သည် (၂၃.၉.၂၀၂၆)ရက်နေ့ နေ့လည်(၁၂;၀၀)နာရီက မြောင်းမြမြို့နယ် အမှတ်(၈)ရပ်ကွက်ရှိ စံပြမုန့် လုပ်ငန်းပိုင်ရှင်နှင့် တွေ့ဆုံ၍စားသုံးသူကာကွယ်ရေးဆိုင်ရာ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း၊ ဈေးကွက် မရောက် မီထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး MSMEs လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ကွင်းဆင်းလေ့လာဆောင်ရွက်ခဲ့ပါ သည်။
ထိုသို့ကွင်းဆင်းလေ့လာဆောင်ရွက်ရာတွင် မြို့နယ်တာဝန်ခံမှ ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေး ရည်ရွယ်ချက် ဖြင့် စံပြမုန့်လုပ်ငန်းပိုင်ရှင်အားကုန်ကြမ်းရရှိမှုအခြေအနေနှင့်ကုန်ချောထွက်ရှိမှု အခြေအနေ၊ ဈေးနှုန်းဈေးကွက် အခြေအနေများအား မေးမြန်းစုံစမ်းပြီးမိမိတို့ဆောင်ရွက်နေသော လုပ်ငန်းအနေဖြင့် ကျန်းမာရေးနှင့်ညီညွတ်ပြီး သန့်ရှင်း လတ်ဆပ်မှုရှိစေရေး အဓိကထား ဆောင်ရွက်ရန်၊ ဓါတုဆေးဝါးများသုံးစွဲခြင်းမပြုရန်၊ မိမိတို့ဌာနမှထုတ်ပြန် ထားသော ဥပဒေများအား အသေးစိတ်ရှင်းလင်းဆွေးနွေး ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။
(DOCA ဧရာဝတီ)
