Main menu

ကရင်ပြည်နယ်ဒေသထွက် ချောင်းပုဇွန် ဈေးနှုန်းဈေးကွက်

Powered by Drupal

          ကရင်ပြည်နယ်အတွင်းရှိ သဘာဝမြစ်ချောင်းများမှ ထွက်ရှိသော ချောင်းပုဇွန်(ရေချိုပုဇွန်)များ သည် လတ်ဆတ်မှုနှင့်အရသာကောင်းမွန်မှုတို့ကြောင့် ဒေသအတွင်းသုံးစွဲသူများသာမက နယ်ဝေး ဈေးကွက်များအထိ ဝယ်လိုအားဆက်လက် မြင့်တက်နေကြောင်း ဒေသခံ ပုဇွန်ရောင်းဝယ်ရေး လုပ် ငန်းရှင်များထံမှ သိရသည်။ ဘားအံမြို့ရေပေါ်ဈေးနှင့်ဒေသတွင်းရှိ ဈေးများတွင်ပါ သံလွင်မြစ်၊ ဂျိုင်း မြစ်နှင့်အတ္တရံမြစ်တို့မှ ဖမ်းဆီးရရှိသော ချောင်းပုဇွန်များ နေ့စဉ်ဝင်ရောက်လျက်ရှိသည်။ အဆိုပါ ချောင်းပုဇွန်များကို ဒေသတွင်းစားသောက်ဆိုင်များ ဟိုတယ်များက ပုံမှန်ဝယ်ယူနေသည့်အပြင် ရန်ကုန်နှင့် မော်လမြိုင်မြို့ကြီးများတို့လည်း စနစ်တကျ ရေခဲရိုက်၍ တင်ပို့ရောင်းချလျက်ရှိသည်။ ဒေသထွက်ချောင်းပုဇွန်များကို အရွယ်အစားပေါ်မူတည်၍ ရောင်းကြသည်။ ဒေသထွက်ချောင်း ပုဇွန်ဈေးနှုန်းများမှာ ပုဇွန်ဆိုဒ်ကြီး တစ်ပိဿာလျှင် (၇၀၀၀၀/၈၀၀၀၀)ကျပ်၊ ပုဇွန်ဆိုဒ်အလတ် တစ်ပိဿာလျှင် (၅၀၀၀၀/၆၀၀၀၀)ကျပ်၊ ပုဇွန်ဆိုဒ်အသေး တစ်ပိဿာလျှင်(၃၅၀၀/၄၅၀၀၀)ကျပ် တို့ဖြင့် ရောင်းဝယ်လျက်ရှိသည်။ ကရင်ပြည်နယ်ဒေသထွက် ချောင်းပုဇွန်များသည် မွေးမြူရေးပုဇွန် နှင့် မတူဘဲ သဘာဝအတိုင်းရရှိသည်မို့ အရသာအလွန်ချိုသည်။ ထို့ကြောင့် နယ်ဝေးက မှာယူသူ များပြားကာ ဈေးကောင်းရလျက်ရှိကြောင်း သိရသည်။

DOCA(ကရင်)