Main menu

မြိတ်မြို့ပေါ်ရှိ ဒညင်းသီးဆားရေစိမ် (သို့) ဒညင်းသီးချဥ်ဖတ်

Powered by Drupal

          ဒညင်းသီးကို မြိတ်ခရိုင်အတွင်းရှိ ကျွန်းစုမြို့နှင့် တနင်္သာရီတိုင်းဒေသတို့မှ အများဆုံးထွက် ရှိ၍ မြိတ်မြို့ပေါ်ရှိ ဈေးများသို့ လာရောက်ရောင်းချကြပါသည်။ ဒညင်းသီးသည် ရာသီတိုင်းလိုလို ထွက်ရှိပြီး မေလမှ စက်တင်ဘာလများတွင် ပိုမိုထွက်ရှိသော ရာသီပေါ်သီးနှံတစ်မျိုးဖြစ်သည်။ ကုန်စိမ်းရောင်းချသူများသည် ဒညင်းသီးအဓိကအားဝယ်ယူ၍ ပြုတ်၍သော်‌လည်းကောင်း၊ ဆားရေစိမ် (သို့) ချဥ်ဖတ်ပြုလုပ်၍သော်လည်းကောင်း ရောင်းချကြပြီး မြိတ်ဒေသတွင် အများအားဖြင့် ဒညင်းသီးချဥ်ဖတ်ဟုခေါ်ကြသည်။ ဒညင်းသီးချဥ်ဖတ်ပြုလုပ်ရာတွင် ဒညင်းသီး၏ အခွံမာအားခွဲထုတ်ပြီး ထွက်ရှိလာသော ဒညင်းသီးပေါ်ရှိ အခွံ‌ပျော့အားအနည်းငယ်ခွာ၍ ရေတစ်ရက်စိမ်ပေးကာ အခွံပျော့အား ခွဲ ထုတ်ရပါသည်။ သုံးရက်/လေးရက်လောက်ရေလောင်း၍ (နေပူမထိရပါ) ဒညင်းသီးအစိမ်း‌ရောင်ဖြစ် လာပါက ဒညင်းသီးအလုံးခြောက်သွားသည်ထိ သုံးရက်/လေးရက်လောက် နေပူလှန်းရပါသည်။ ခြောက်သွားသော ဒညင်းသီးများကို တစ်ရေပြန်ဆေးပြီး စဥ့်အိုးထဲထည့်ကာ ဆားရေတို့ဖြင့် စိမ်လိုက်ပါက အလုံးသေးပါလျှင် (၇၀၀)ရက် အလုံးကြီးလျှင်(၁၀)ရက်အတွင်း ဒညင်းချဥ်ဖတ်ရရှိပါသည်။

          မြိတ်ဒေသတွင် ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလနောက်ဆုံးပတ်တွင် ဒညင်းသီးချဥ်ဖတ် (၁၀)လုံး လျှင် (၁၂၀၀)ကျပ်ဖြစ်၍ ၂၀၂၆ ခုနှစ်၊ မေလပထမပတ်တွင် ဒညင်းသီးချဥ်ဖတ် (၁၀)လုံးလျှင် (၁၅၀၀) ကျပ်ရှိပြီး အလုံး(၃၀)ပါ တစ်ဘူးလျှင် (၃၀၀၀)ကျပ်ကြောင်း ဒညင်းသီးချဥ်ဖတ်ရောင်းချသူထံမှ သိရှိရပါသည်။

DOCA(တနင်္သာရီ)