
ကယားပြည်နယ်အတွင်း ဂေါ်ဖီထုတ်စားသုံးမှု လိုအပ်ချက်များကို ဖြည့်စည်းနိုင်ရန်အတွက် ပြည်နယ်ပြင်ပရှိ ဂေါ်ဖီထုပ်စိုက်ပျိုးထုတ်လုပ်သည့်ဒေသများမှ ထွက်ရှိလာသော ဂေါ်ဖီထုပ်များကို ရှမ်းပြည်နယ်မှတစ်ဆင့် ကယားပြည်နယ်အတွင်းရှိ စျေးကွက်များသို့ ဝင်ရောက်ဖြည့်တင်းရောင်းချ လျက်ရှိကြောင်း သိရသည်။
ကယားပြည်နယ်၏ အဓိကစျေးကွက်ဖြစ်သည့် လွိုင်ကော်မြို့ရှိ သီရိမင်္ဂလာစျေးအတွင်းနှင့် အခြားဒေသတွင်းဈေးများတွင် ဂေါ်ဖီထုပ်အပါအဝင် စားဖိုဆောင်သီးနှံများကို ရောင်းဝယ်ဖောက် ကားလျက်ရှိပြီး ပြည်နယ်အတွင်း လိုအပ်ချက်အချို့ကိုအခြားမြို့ကြီးများမှတစ်ဆင့် ဝယ်ယူဖြည့် တင်းလျက်ရှိကြောင်း ဒေသဆိုင်ရာဈေးကွက်အချက်အလက်များအရ သိရှိရပါသည်။ လွိုင်ကော်မြို့ သီရိမင်္ဂလာဈေးတွင် ၂၀၂၆ ခုနှစ် စက်တင်ဘာလတွင် ဂေါ်ဖီထုပ်တစ်ထုပ်လျှင် ၁၅၀၀ ကျပ်ဖြင့် အ ရောင်းအဝယ်ဖြစ်ကြောင်း ကုန်စိမ်းရောင်းချသူတစ်ဦးထံမှသိရှိရပါသည်။ ဂေါ်ဖီထုပ်ကိုပြည်နယ် ပြင် ပမှတင် သွင်းဖြန့်ဖြူးရောင်းချခြင်းသည် ကုန်စည်သယ်ယူပို့ဆောင်ရေး၊ လက္ကားနှင့် လက်လီ ရောင်း ချရေး လုပ်ငန်းများလည်ပတ်မှုကိုလည်းအထောက်အကူပြုနိုင်သည်။ ထို့အပြင်တောင်သူများ၊ ကုန် သည်များနှင့် ရောင်းချသူများအကြားကုန်သွယ်မှုတိုးတက်လာစေပြီး ဒေသတွင်းစီးပွားရေးလှုပ်ရှား မှုများ ပိုမိုကောင်းမွန်လာစေနိုင်သည်။
ဂေါ်ဖီထုပ်သည် အေးမြသည့်ရာသီတွင် ထွက်ရှိမှုများပြားလေ့ရှိသည့် ဟင်းသီးဟင်းရွက်သီးနှံ တစ်မျိုးဖြစ်ပြီး ရှမ်းပြည်နယ်တောင်ပိုင်း အောင်ပန်း၊ ကလော၊ ရွာငံနှင့် ပင်လောင်းစသည့် ဒေသများ မှ မှာယူတင်သွင်းရောင်းချလျက်ရှိကြောင်း ဒေသဆိုင်ရာ စျေးကွက်အချက်အလက် များအရသိရှိရပါ သည်။ ဂေါ်ဖီထုပ်နှင့်ပက်သက်၍ ရှမ်းပြည်နယ်အတွင်းရှိ အောင်ပန်းဒေသသည် အဓိကစိုက်ပျိုး ထုတ်လုပ်သည့် ဒေသတစ်ခုဖြစ်ပြီး အောင်ပန်း၊ ကလောနှင့် ရွာငံစသည့်တောင်ပေါ်ဒေသများမှဂေါ် ဖီထုပ်များသည် မြို့ပြစျေးကွက်များသို့ဖြန့်ဖြူးရောင်းချလျက်ရှိသည်။ ဒေသအတွင်းစားသုံးသူများ အတွက် စျေးကွက်အတွင်း ဂေါ်ဖီထုပ်ပုံမှန်ဝယ်ယူစားသုံးနိုင်စေရန်အထောက်အကူ ပြုသည့်အပြင် စျေးကွက်အတွင်းကုန်စည် စီးဆင်းမှုလည်း ပိုမိုကောင်းမွန်စေနိုင်သည်။
ထို့ကြောင့် ပြည်နယ်ပြင်ပမှ ဂေါ်ဖီထုပ်များတင်သွင်းဖြန့်ဖြူးခြင်းသည် လက်ရှိစားသုံးသူလို အပ်ချက်ကိုဖြည့်ဆည်းပေးနိုင်သည့်အပြင် စျေးကွက်အတွင်း ကုန်စည်စီးဆင်းမှုကောင်းမွန်စေရေး၊ စားသုံးသူများ၏ ရွေးချယ်ဝယ်ယူနိုင်မှုနှင့် ဒေသတွင်းဂေါ်ဖီစိုက်ပျိုးထုတ်လုပ်မှု တိုးတက်လာရေးအတွက်ပါ အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း ဖော်ပြအပ်ပါသည်။
DOCA(ကယား)
