Main menu

တနင်္သာရီတိုင်း၊ ထားဝယ်မြို့ပေါ်ရှိ ကြက်သွန်နီ/ ကြက်သွန်ဖြူဈေးကွက်

Powered by Drupal

        တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်တွင် ကြက်သွန်နီနှင့် ကြက်သွန်ဖြူများကို ထားဝယ်မြို့ စည်ပင်သာယာဈေးကြီး၊ ကမ်းနားပျံကျစျေး၊ ညနေစျေးနှင့် အခြားသော ရပ်ကွက်/ ကျေးရွာ ဈေးများတွင် နေ့စဉ်အရောင်းအဝယ်ပြုလုပ်လျက်ရှိကြောင်း သိရှိရပါသည်။ ကြက်သွန်နီနှင့် ကြက်သွန်ဖြူသည် စားဖိုချောင်သုံး အစားအစာတွင် အဓိကမပါမဖြစ်သော အသီးအနှံ တစ်မျိုးဖြစ်ကြပါသည်။ ကြက်သွန်နီ/ကြက်သွန်ဖြူများအား ထားဝယ်မြို့သို့ မန္တလေး၊ မိထ္ထီလာ၊ ရန်ကုန်မြို့များမှ အပတ်စဥ်ဝင်ရောက်လျက်ရှိပြီး ဒေသအတွင်း လက်လီ/လက်ကားဝယ်ယူသူများ၊ တစ်ဆင့်ပြန်လည်ရောင်းချသူများဖြင့် ပုံမှန်ရောင်းဝယ်လျက်ရှိသည့် စားဖိုဆောင်သီးနှံများ ဖြစ်ကြောင်း သိရသည်။

     ၂၀၂၆ခုနှစ်၊ အောက်တိုဘာလ၊ ပထမပတ်အတွင်း ထားဝယ်မြို့ပေါ်တွင် ရောင်းချနေသော ကြက်သွန်နီဈေးနှုန်းမှာ တစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်၊  ကြက်သွန်ဖြူ(ရှမ်းစ) တစ်ပိဿာလျှင် (၁၄၀၀၀) ကျပ်နှင့် ကြက်သွန်ဖြူ(ကြူဂုတ်) တစ်ပိဿာလျှင် (၁၄၀၀၀) ကျပ်ဖြင့်ရောင်းချလျှက်ရှိပြီး ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက ကြက်သွန်နီစျေးနှုန်း အနည်းငယ်မြင့်တက်လာကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)