Main menu

မြိတ်မြို့ရှိ စားအုန်းဆီရောင်းချနေသော အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

       ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ၊ ၂၉ ရက်နေ့၊ နံနက် ၀၉း၀၀ နာရီအချိန်တွင် စားသုံးသူရေးရာ ဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ ဒုခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ဗဟိုစာရင်းအင်းအဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့တို့ဖြင့်ပူးပေါင်း၍ မြိတ်မြို့၊ နောက်လယ်ရပ်နှင့် ဆိပ်ငယ်ရပ်ရှိ စားအုန်းဆီအရောင်း ဆိုင်များတွင်ရောင်းချလျက်ရှိသော စားအုန်းဆီများအား သတ်မှတ်ရည်ညွှန်းဈေးနှုန်းများအတိုင်း ရောင်းချနေခြင်း ရှိ/ မရှိ ကွင်းဆင်း စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

       စစ်ဆေးခြင်းဆောင်ရွက်ရာတွင် မြိတ်မြို့အတွင်း စားအုန်းဆီရောင်းချနေသော အရောင်းဆိုင်များ၌ သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ဗီနိုင်းများကပ်၍ရောင်းချနေကြောင်း ရှိ/ မရှိ၊ သတ်မှတ်ထုတ်ပြန်ထားသော ထုတ်ပြန်ချက်များနှင့် အညီ ခွဲဝေရောင်းချပေးနေမှုများ ရှိ/ မရှိ၊ အလေးချိန်/ အချိန်အတွယ်မှန်ကန်စွာ ချိန်တွယ်ရောင်းချနေမှုများ ရှိ/ မရှိ စစ်ဆေးခြင်းနှင့် ဈေးကစားရန်ရည်ရွယ်ချက် ဖြင့်သိုလှောင်ထားခြင်းမျိုးမဖြစ်ပေါ်စေရေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)