
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ပန်းတနော်မြို့နယ် တာဝန်ခံနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့သည် (၁၈.၉.၂၀၂၆)ရက်နေ့၊ နံနက် (၁၀:၃၀)နာရီ အချိန် တွင် ပန်းတနော်မြို့၊ ကမ်းနားလမ်း၊ စည်ပင်သာယာဈေးရှိ ဆီနှင့်ကုန်မျိုးစုံ ရောင်းဝယ်ရေး ဆိုင်ရှိ စားသုံးဆီအမှတ်တံဆိပ် အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်းသိရသည်။
ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ဈေးကွက်ရောက်ပြီး ကုန်စည်များအပြင်ဈေး ကွက် မရောက်မီကုန်စည်များကိုလည်း ဈေးကွက်စောင့်ကြည့်စစ်ဆေးလျက်ရှိပြီး လစဉ် ဈေးကွက် ရောက် အမှတ်တံဆိပ်ပါဘူးဆီများကို ဈေးနှုန်းနှင့် ဈေးကွက် ကုန်အညွှန်းအမှတ်အသား တို့ကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့သည်။ဆက်လက်၍ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေး လုပ်ငန်းရှင်၏ တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းအကြောင်းများ၊ ကုန်အညွှန်းအမှတ် အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက် အမှတ် (၂/၂၀၁၉)ပါအကြောင်းများ၊ စားသုံးဆီနှင့်ပတ်သက်၍ ညွှန်ကြားချက် အမှတ်(၁/၂၀၂၁)ပါ အကြောင်းအရာများနှင့် တိုက်ဆိုင်စစ်ဆေးရာ၊ ကိုက်ညီမှုရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ရာပြီး ရောင်းချ သူလုပ်ငန်းရှင်တို့အနေဖြင့် မိမိတို့ရောင်းချနေသော ကုန်စည်များနှင့်ပတ်သက်၍ စားသုံးသူ ကာကွယ်ရေးလုပ်ငန်းစဉ်အကြောင်းသိရှိလိုပါက Consumer Call Center No 1535သို့ ဆက်သွယ် မေးမြန်းနိုင်သည့် အကြောင်းများကို ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရပါသည်။
DOCA(ဧရာဝတီ)
