Main menu

ပြည်မြို့နယ်တွင် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်

Powered by Drupal

        ပဲခူးတိုင်းဒေသကြီး(အနောက်) ပြည်မြို့နယ်အတွင်း စားသုံးသူများ ဘေးဥပဒ် အန္တရာယ် ကင်းရှင်းရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးတို့အတွက်    လစဉ်ဆောင်ရွက်လျှက်ရှိရာ (၂၁.၁၂.၂၀၂၂) ရက်နေ့ ၊  နံနက်(၉:၀၀)နာရီအချိန်တွင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူး၊ မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာအဖွဲ့တို့မှ တာဝန်ရှိသူများနှင့်အတူ ပူးပေါင်း၍ ပြည်မြို့ မြို့မ စည်ပင်သာယာဈေးအတွင်းရှိ ရေထွက်ပစ္စည်းအရောင်းဆိုင်များ၊ ကုန်မျိုးစုံ ဆိုင်များနှင့် အလှကုန် ပစ္စည်းအရောင်းဆိုင်များသို့ သွားရောက်၍ ကုန်စည်များ၏ ထုပ်ပိုးမှု အပြင်အဆင်ပေါ်တွင် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉၊ အခန်း(၁၈)ပါ ကုန်အညွှန်း အမှတ်အသားများကို ပြဌာန်းချက်များနှင့်အညီ ထုတ်လုပ်ရောင်းချမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းနှင့် FDA ဌာနမှ နမူနာပစ္စည်းရယူခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)