Main menu

သထုံမြို့ ကောင်းပြည့်ဖြိုးဆန်စက်လုပ်ငန်းရှင်နှင့် တွေ့ဆုံခြင်း

Powered by Drupal

          မွန်ပြည်နယ် သထုံခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည်  ၂၀.၁၂.၂၀၂၂ ရက်နေ့ တွင် သထုံမြို့နယ် မြေနီကုန်းကျေးရွာရှိ ကောင်းပြည့်ဖြိုး ဆန်စက်သို့ သွားရောက်၍ ဆန်စက်ပိုင်ရှင်  ဦးဝင်းဌေးအောင်နှင့်တွေ့ဆုံကြောင်း သိရပါသည်။

      အဆိုပါ ကောင်းပြည့်ဖြိုးဆန်စက်ပိုင်ရှင် ဦးဝင်းဌေးအောင်မှ ဆန်စက်လုပ်ငန်းအဆင့်ဆင့် ဆောင်ရွက်မှုများရှင်းလင်းပြီး စားသုံးသူရေးရာဦးစီးဌာန၊ ဦးအောင်ကျောင်မင်း (ဦးစီးအရာရှိ) မှ စားသုံးသူများအတွက် စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များနှင့် တားမြစ်ချက်များအား လိုက်နာစေရေး၊သန့်ရှင်းမှုရှိစေရေး၊ စားသုံးသူအလေးထားဆောင်ရွက်ရေးထုန်ကုန် များ လုံခြုံစိတ်ချရမှုရှိစေရေး၊ ဈေးကွက်အခြေအနေ၊ လက်ရှိဈေးနှုန်း အတက်အကျနှင့် ထုပ်ပိုးမှု အပိုင်းတွင်လည်း မိမိဆန်စက်၏ အမည်၊ ဖုန်းနံပါတ်၊ နေရပ်လိပ်စာတို့အား ရိုက်နှိပ်ပေးနိုင်ပါက ပိုမိုကောင်းမွန်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ပြီး ဌာနမှထုတ်ဝေပေးသော စားသုံးသူကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မွန်)