Main menu

ဘီးလင်းမြို့အတွင်းရှိ‌ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း

Powered by Drupal

     ၂၅.၉.၂၀၂၆ ရက်နေ့၊ နံနက် (၀၈:၀၀) နာရီအချိန်တွင် မွန်ပြည်နယ်၊ စားသုံးသူ ရေးရာဦးစီးဌာန၊ ကျိုက်ထိုခရိုင်၊ ဘီးလင်းမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့တို့နှင့်ပူးပေါင်း၍ ဘီးလင်းမြို့အတွင်းရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။

     ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာ ဘီးလင်းမြို့အတွင်းရှိ ဆေးဆိုင်များတွင် ရောင်းချနေသော ဆေးနှင့်ဆေးပစ္စည်းများ ပြတ်လပ်မှု မရှိစေရေး၊ သက်တမ်းလွန် ဆေးဝါးများ ရောင်းချခြင်း မရှိစေရေး ကွင်းဆင်းစစ်ဆေးခဲ့ရာ ဆေးပစ္စည်းများ ပြတ်လပ်မှု မရှိကြောင်း၊ သက်တမ်းလွန်ဆေးဝါးများ ရောင်းချခြင်းမရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး ဆိုင်ရှင်များအား တရားမဝင်ဆေးဝါးများ ရောင်းချမှု မပြုစေရေးအတွက် အသိပညာပေး ခဲ့ကြောင်း သိရှိရပါသည်။

     DOCA (မွန်)