
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက်နေ့၊ ၁၀:၀၀ နာရီအချိန်တွင် စားသုံးသူရေးရာ ဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် မြိတ် မြို့ပေါ်ရှိ ကလေးအသုံးအဆောင်၊ အထည်အလိပ်၊ အဝတ်အထည်နှင့် စပ်ဆက်ပစ္စည်းများ၊ အလှကုန် များ၊ စားသောက်ကုန်များ၊ လူသုံးကုန်ပစ္စည်းများ၊ အီလက်တရောနစ်ပစ္စည်း ရောင်းချသည့်လုပ်ငန်း များနှင့် အိမ်ခြံမြေအကျိုးဆောင်ဝန်ဆောင်မှုလုပ်ငန်းများ မှအွန်လိုင်းရောင်းချခွင့်လိုင်စင်လျှောက် ထားလာမှုအား မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ဆောင်ရွက်ရာတွင် ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများမှ အွန်လိုင်းမှတ်ပုံတင်စနစ်တွင် မှတ်ပုံ တင်ထားရှိသည့်အချက်အလက်များအား မြေပြင်စစ်ဆေးရာတွင် ကိုက်ညီမှုများ ရှိ/မရှိနှင့် အခြား လို အပ်သည့်အချက်အလက်များ ပြည့်စုံမှန်ကန်မှု ရှိ/မရှိ အား DOCA Application အသုံးပြု၍ စစ်ဆေး ခြင်းနှင့် အွန်လိုင်းမှရောင်းချရာတွင် လိုက်နာဆာင်ရွက်ရမည့်တာဝန်များ၊ စားသုံးသူကာကွယ်ရေး ဥပဒေပါ စားသုံးသူအခွင့်အရေး၊ တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရမည့် တာဝန်များ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်စည်များ၏ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း ဆိုင်ရာများအကြောင်း ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)
