Main menu

စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ကွင်းဆင်း အသိပညာပေးဆောင်ရွက်ခြင်း

Powered by Drupal

       ရခိုင်ပြည်နယ် ၊ စားသုံးသူရေးရာဦးစီးဌာန၊ တောင်ကုတ်ခရိုင်ဦးစီးမှူး ဦးကျော်မြင့် (ဦးစီးအရာရှိ)ဦးဆောင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ မြို့နယ်ရဲတပ်ဖွဲ့၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများပူးပေါင်းပါဝင်သောအဖွဲ့သည်(၂၁-၁၂-၂၀၂၂) ရက်နေ့မှ (၂၃-၁၂-၂၀၂၂) ရက်နေ့ အထိ နေ့စဉ် နံနက် (၀၉:၀၀) နာရီမှ (၁၁:၀၀) နာရီအထိ တောင်ကုတ်မြို့ပေါ်ရပ်ကွက်များဖြစ်သော ကံပိုင်ရပ်ကွက်၊ ဂူတာရပ်ကွက်၊ သိမ်တောင်ရပ်ကွက်၊ ချောင်းကောက်ရပ်ကွက်ရှိ စားသောက်ကုန် ရောင်းချသည့်အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

         ယင်းသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် တောင်ကုတ် ခရိုင်ဦးစီးမှူး ဦးကျော်မြင့်(ဦးစီးအရာရှိ)သည် စားသောက်ကုန်ရောင်းချသည့် လုပ်ငန်းရှင်များအား စားသုံးသူပြည်သူများအနေဖြင့် ကုန်စည်နှင့်ဝန်ဆောင်မှုများကို ရယူသုံးစွဲရာတွင် ဘေးကင်းလုံခြုံ စိတ်ချရမှုရှိစေရေး၊ စားသုံးသူများအခွင့်အရေးမဆုံးရှုံးစေရေးအတွက် မိမိတို့ ဦးစီးဌာနအနေဖြင့် ပြဌာန်းထားရှိသော စားသုံးသူ ကာကွယ်ရေးဥပဒေ(၂၀၁၉)နှင့် နည်းဥပဒေများအရ  ပြဌာန်းပြီး ဆောင်ရွက်လျက်ရှိကြောင်း၊ ဈေးကွက်မရောက်မီ ကုန်စည်များနှင့်ဈေးကွက်ရောက်ပြီး ကုန်စည်များထုတ်ကုန်လုံခြုံစိတ်ချရမှုစေရေးအတွက် စစ်ဆေးဆောင်ရွက်လျက်ရှိသည့် အခြေအနေများ နှင့် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ဆောင်ရန်၊ ရှောင်ရန်အချက်များကိုလည်းကောင်း ဆွေးနွေးပြောကြားခြင်း၊ ကုန်စည်နှင့် ဝန်ဆောင်မှုများကို ရယူသုံးစွဲရာတွင် ဘေးအန္တရာယ်ကင်းရှင်းစွာ ရယူသုံးစွဲနိုင်ရေးအတွက် ကွင်းဆင်း အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရခိုင်)