Main menu

ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းအားကွင်းဆင်းစစ်ဆေး

Powered by Drupal

        ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်အတွင်း ဆက်သွယ်ရေးဝန်ဆောင်မှုပေးသည့်လုပ်ငန်းများ အနေဖြင့် လိုအပ်သောသတင်းအချက်အလက် ပြည့်စုံမှန်ကန်စွာနှင့် ရှင်းလင်းစွာ ကြိုတင်အသိပေး ဆောင်ရွက်ခြင်းဖြင့် စားသုံးသူအခွင့်အရေး ပြည့်ဝစွာရရှိစေရန်ရည်ရွယ်၍ ၂၄-၉-၂၀၂၆ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ ‌‌ဦးဇေယျာအောင်(ခရိုင်ဦးစီးမှူး)ဦးဆောင်၍ စားသုံးသူရေးရာဦးစီးဌာနနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနပူးပေါင်းကာ မြစ်ကြီးနားမြို့၊ ဧရာ ရပ်ကွက်ရှိ ဆက်သွယ်ရေးဝန်ဆောင်မှုပေးသည့် MPT (MYANMAR POST AND TELECOM- MUNICATION COMPANY)၏ မြစ်ကြီးနားရုံးအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

      ထိုသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ရာတွင် ဆက်သွယ်ရေးဝန်ဆောင်မှု (အင်တာနက် ဝန်ဆောင်မှုနှင့်မိုဘိုင်းအော်ပရေတာ) MPT အနေဖြင့် လက်ကမ်းစာဆောင်များတွင် ဝန်ဆောင်ခ နှုန်းထားများ၊ ဆက်သွယ်ရမည့်ဖုန်းအမှတ်များဖော်ပြထားပြီး ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၏  လိုင်စင်ခွင့်ပြုချက်များဖြင့် လုပ်ငန်းဆောင်ရွက်လျက်ရှိပြီး ကချင်ပြည်နယ်အတွင်း Ground Cable ပြတ်တောက်မှုကြောင့် ယခုလက်ရှိအချိန်တွင် Voice နှင့် SMS ဝန်ဆောင်မှုသာပေးလျက်ရှိကြောင်း စစ်ဆေးတွေ့ရှိရပါသည်။

ဆက်သွယ်ရေးဝန်ဆောင်မှု (အင်တာနက်ဝန်ဆောင်မှုနှင့်မိုဘိုင်းအော်ပရေတာ) ပေးသည့် လုပ်ငန်း အား စားသုံးသူကာကွယ်ရေးဥပ‌ဒေပါ ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံချက်ပေးရမည့်အချက်များ၊ ဝန်ဆောင်မှုလုပ်ငန်းများနှင့်စပ်လျဉ်း၍ စားသုံးသူကတောင်းဆိုနိုင်သည့်အခွင့်အရေးများ၊ စားသုံးသူ ကာကွယ်ရေးဥပဒေပါ ပြစ်မှုနှင့်ပြစ်ဒဏ်များအား အသိပညာပေးဆွေးနွေးခဲ့ပြီး ဆက်သွယ်ရေး  ညွှန်ကြားမှုဦးစီးဌာနနှင့် ဆက်စပ်ဌာနများ၏ အမိန့်နှင့်ညွှန်ကြားချက်များအားလည်း လိုက်နာ ဆောင်ရွက်သွားရန် အသိပညာပေးဆွေးနွေးခဲ့ပါသည်။

DOCA (ကချင်)