Main menu

ကျောက်တံခါးမြို့ ဓာတ်မြေသြဇာနှင့် ပိုးသတ်ဆေးအ‌ရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

        ပဲခူးတိုင်းဒေသကြီး ၊ စားသုံးသူရေးရာဦးစီးဌာန ၊ ကျောက်တံခါးမြို့နယ်တာဝန်ခံရုံးရှိ ဝန်ထမ်း များသည် ပဲခူးတိုင်းဒေသကြီး ၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် ပူးပေါင်း၍ ၂၁.၁၂.၂၀၂၂ ရက်နေ့တွင် ကျောက်တံခါးမြို့ ၊ ပဲနွယ်ကုန်းမြို့အတွင်းရှိ ဓာတ်မြေသြဇာနှင့် ပိုးသတ်ဆေးအရောင်းဆိုင် များတွင် ရောင်းချနေသော ဓာတ်မြေသြဇာများတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ဖော်ပြ ခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

        ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံသည် ဓာတ်မြေသြဇာများတွင် စားသုံးသူကာကွယ်ရေး ဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့် ဖော်ပြခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ၊  စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် အာမခံချက် ပေးနိုင်သော အရည်အသွေးမီ ကုန်ပစ္စည်းများ ရောင်းချရန်နှင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာမပါရှိသော ကုန်ပစ္စည်းများအား မရောင်းချကြရန် ဆိုင်ပိုင်ရှင် များအား  အသိပညာပေးပြောကြားခဲ့ခြင်း ၊ စိုက်ပျိုးရေးဦးစီးဌာနမှ မြေသြဇာထုပ်ပိုးမှု (သို့မဟုတ်) ထည့်သွင်းထားသည့် ပစ္စည်းများပေါ်တွင် မြေသြဇာဥပဒေပါ ပါဝင်ရမည့်အချက်များကို စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)