Main menu

လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းရှင် ၊ တောင်သူများနှင့်  ညှိနှိုင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်

Powered by Drupal

        ပဲခူးတိုင်းဒေသကြီး ၊ သာယာဝတီခရိုင် ၊ သာယာဝတီမြို့ ၊ ခရိုင်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ နိုင်ငံစီးပွား ဖွံ့ဖြိုးမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် လယ်ယာ ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအရ ၂၀၂၂-၂၀၂၃ ခုနှစ်တွင် သာယာဝတီခရိုင်အတွင်း နွေစပါး (၅၀၈၇၉) ဧကအား တိုင်းဒေသကြီး အစိုးရအဖွဲ့ ကြီးကြပ်မှုဖြင့် ခရိုင်/မြို့နယ် လုပ်ငန်းကြီးကြပ်မှု ကော်မတီများ ၊ လုပ်ငန်းရှင်များ ၊ တောင်သူအစုအဖွဲ့များ ညှိနှိုင်းပေါင်းစပ်၍ စိုက်ပျိုး ဆောင်ရွက် သွားမည်ဖြစ်ရာ အစည်းအဝေးပွဲကို ၂၁.၁၂.၂၀၂၂ ရက်နေ့ ၊ နံနက်  ၁၀ : ၃၀ နာရီအချိန်တွင် ကျင်းပ ပြုလုပ်ခဲ့ပါသည် ။

        အခမ်းအနားသို့ စိုက်ပျိုးရေးဦးစီးဌာန ၊ ဒုတိယ တိုင်းဒေသကြီးဦးစီးမှူး ၊ ခရိုင်/မြို့နယ် လုပ်ငန်း ကြီးကြပ်မှု ကော်မတီများ ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများ ၊ မြို့နယ်များမှ စိုက်ပျိုးရေး ဦးစီး ဌာနမှူး ၊ မြို့နယ်မြေစာရင်း ဦးစီးဌာနမှူးများ ၊ သာယာဝတီခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် ဌာနဆိုင်ရာအဖွဲ့များ ၊ လုပ်ငန်းရှင် ၊ တောင်သူများ တက်ရောက်ခဲ့ကြပြီး သာယာဝတီ ခရိုင်အတွင်း နွေစပါးလျာထားဧကထက် ပြည့်မီကျော်လွန်အောင် စိုက်ပျိုးနိုင်ရေး ညှိနှိုင်းဆွေးနွေး ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)