Main menu

မုံရွာမြို့ပေါ်ရှိ စိုက်ပျိုးရေးဆေးဆိုင်များသို့ ဓာတ်မြေဩအတုများ ရောနှောရောင်းချနေခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

Powered by Drupal

        ICP Shwe Me Fertilizer Co, Ltd သည် မြင်းပျံအမှတ်တံဆိပ် ဓာတ်မြေဇာ အိတ်ခွံများထဲတွင် ဈေးနှုန်းသက်သာသော အရည်အသွေးနိမ့် မြေဩဇာများကို ပြန်လည် ထုပ်ပိုးပြီး အိုင်စီပီ မြင်းပျံမြေဩဇာအတုများ ပြုလုပ်၍ ဈေးကွက်ထဲတွင် လိမ်လည်ဖြန့်ဖြူးရောင်းချနေ ကြောင်း တိုင်ကြားလာပါသဖြင့် ဈေးကွက်ထဲတွင် ဖြန့်ဖြူးရောင်းချနေခြင်း ရှိ/ မရှိ ကွင်းဆင်းစစ်ဆေး၍ ပြန်လည်တင်ပြရန် ညွှန်ကြားလာမှုအပေါ် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်မှူးနှင့် ချောင်းဦးမြို့နယ်တာဝန်ခံတို့သည် စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍  (၂၁.၁၂.၂၀၂၂) ရက်နေ့တွင် မုံရွာမြို့ပေါ်ရှိ စိုက်ပျိုးရေးဆေးဆိုင်များဖြစ်သော ဓနအောင်စံ၊ ဇွဲမာန်၊ ခိုင်ဖုန်း၊ မြင်းကျား၊ ပြင်ဦးလွင်၊ ဝက်ရဲ၊ မြပုလဲ စသည့်ဆိုင်များသို့ သွားရောက်၍  မြင်းပျံဓာတ်မြေဩဇာများ တင်သွင်းခြင်း၊ ရောင်းချနေခြင်း၊ ဝယ်ယူခြင်းများ ရှိ/မရှိ သွားရောက် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါ မြင်းပျံအမှတ်တံဆိပ် ဓာတ်မြေဩဇာများသည် မိမိတို့ဒေသတွင် အသုံးနည်းသဖြင့် ရောင်းချသည့်ဆိုင်များမှ ရောင်းချမှု မရှိကြောင်း၊ ဝယ်ယူသူများလည်း မရှိကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)