Main menu

တောင်ငူမြို့ ဈေးကွက်အတွင်း ဖယောင်းတိုင်များ အရောင်းအဝယ်သွက်လျက်ရှိလာ

Powered by Drupal

        မြန်မာတို့၏ ရိုးရာ ရာသီပွဲတော်တစ်ခုဖြစ်သည့် သီတင်းကျွတ်မီးထွန်းပွဲတော်သို့ ရောက်ရှိရန် ရက်ပိုင်းမျှသာ လိုတော့သဖြင့် မြန်မာတို့၏ ရိုးရာမပျက် ပွဲတော်များနှင့် မိဘဘိုးဘွား၊ ဆရာသမားများအား ကန်တော့ကြသည့်အတွက် တောင်ငူမြို့အတွင်းရှိ ကုန်စုံဆိုင်များနှင့် ပွဲရုံတန်းများတွင် ဖယောင်းတိုင်နှင့် မီးထွန်းစက္ကူ အလှဆင်ပစ္စည်းများ လာရောက်ဝယ်ယူသူများ ပြားကာ ဈေးကွက်အတွင်း အရောင်းသွက် လာကြောင်း သိရှိရသည်။

          ဗုဒ္ဓဘာသာဝင်များအနေဖြင့် သီတင်းကျွတ်လပြည့်နေ့တွင် ဘုရားစေတီများနှင့် နေအိမ်များ၌ ဆီမီး၊ ဖယောင်းတိုင်များ ထွန်းညှိပူဇော်လေ့ရှိကြသဖြင့် တစ်ပိုင်တစ်နိုင် ပြန်လည်ရောင်းချမည့် လက်လီဆိုင်ငယ် များနှင့် မိသားစုအလိုက် ကြိုတင်ဝယ်ယူစုဆောင်းကြသည်။

ကုန်ပစ္စည်းအမျိုးအစားများ

           ဈေးကွက်အတွင်း၌ ရိုးရိုးဖယောင်းတိုင်အပြင် အရောင်အသွေးစုံလင်သော ဖယောင်းတိုင် များ၊ ရနံ့မွှေးဖယောင်းတိုင်များနှင့် ကြာပန်းပုံစံ၊ ဆီမီးခွက်ပုံစံ ဖယောင်းတိုင်ဆန်းများ ပိုမိုခေတ်စား လာသည်။

ဈေးနှုန်းနှင့် ကုန်စည်စီးဆင်းမှုအခြေအနေ

          လက်ရှိတွင် ကုန်ကြမ်းစရိတ်နှင့် သယ်ယူပို့ဆောင်ရေးစရိတ်များကြောင့် ဖယောင်းတိုင် ဈေးနှုန်းများမှာ ယခင်နှစ်များထက် အနည်းငယ်မြင့်တက်လျက်ရှိသော်လည်း ပွဲတော်ရက်နီးကပ်လာ သည်နှင့်အမျှ ဝယ်လိုအားမှာ ကျဆင်းသွားခြင်းမရှိဘဲ ပိုမိုမြင့်တက်လာဖွယ်ရှိကြောင်း လက်ကားကုန် သည်များက သုံးသပ်ထားကြသည်။ ရိုးရိုးဖယောင်းတိုင် ၃၂ တိုင်ပါ အသေး (၁)ထုပ်လျှင် ၁၅၀၀ကျပ်၊ အလတ် ၃၂ တိုင်ပါ (၁)ထုပ်လျင် ၂၃၀၀ ကျပ်၊ အကြီး ၆တိုင်ပါ (၁)ထုပ်လျှင် ၂၃၀၀ ကျပ် ဖြင့် ရောင်းချနေကြောင်း ကုန်စုံဆိုင်ပိုင်ရှင်၏ ပြောပြချက်အရသိရှိရသည်။

DOCA(ပဲခူး)