Main menu

မြိတ်မြို့ပေါ်တွင် စားသုံးသူများသော ခရမ်းကြွပ်သီးဈေးနှုန်း

Powered by Drupal

    မြိတ်ခရိုင်၊ မြိတ်မြို့နယ်အတွင်းရှိ တောင်သူများသည် ငရုတ်သီး၊ဘူးသီး ၊ ဖရုံစသည့် သီးနှံမျိုး စုံစိုက်ပျိုးသည့်အပြင် ကုန်စိမ်းသီးနှံတစ်မျိုးဖြစ်သော ခရမ်းကြွပ်သီးပင်ကို မြိတ်မြို့ပေါ်နှင့် အနီးဝန်း ကျင်ကျေးရွာများတွင် စိုက်ပျိုးကြောင်း သိရှိရပါသည်။ ခရမ်းကြွပ်ပင်ကို ရာသီမရွေး စိုက်ပျိုးနိုင် ကြောင်းသိရှိရပါသည်။ခရမ်းကြွပ်စိုက်ပျိုးမည်ဆိုပါက မျိုးစေ့ကိုအရင်ပျိုးထောင်ပြီး၊ ပျိုးသက်(၁)လခွဲ သားအရွယ်တွင် စတင်စိုက်ပျိုးရကြောင်း၊ (၂)လ၊ (၃)လခွဲ အကျော်တွင် အသီးများစတင်ခူးဆွတ်နိုင် ပြီး တစ်ပတ်ခြား တစ်ကြိမ်ခူးဆွတ်ရပါသည်။ ခရမ်းကြွပ်သီးများကို အချဥ်ဟင်းများတွင် ထည့်သွင်း ချက်ပြုတ်ကြသလို တို့စရာအဖြစ်လည်း အလွန်ပင်သုံးစွဲကြကြောင်း သိရှိရပါသည်။ စားဖိုဆောင် သီးနှံတစ်မျိုးဖြစ်သည့် ခရမ်းကြွပ်သီးကိုရပ်ကွက်များတွင် ပိုမိုစိုက်ပျိုးကြကြောင်းသိရှိရပါသည်။ ခရမ်းကြွပ် သီးသည် စိုက်ပျိုးရာတွင် ကုန်ကျစရိတ်သင့်တင့်ပြီး အကြိမ်ကြိမ်ခူးဆွတ်ရောင်းချနိုင်သည့် အတွက် ဈေးကွက် ဝယ်လိုအားနှင့် ကိုက်ညီပါက တောင်သူများအနေဖြင့် အကျိုးအမြတ်ရရှိနိုင်သည့် သီးနှံတစ်မျိုးဖြစ်ရာ ဒေသခံတောင်သူများက နှစ်စဉ်ဆက်လက်စိုက်ပျိုးလျက်ရှိကြောင်း သိရှိရပါ သည်။ ခရမ်းကြွပ်သီးကို မိသားစုတစ်ပိုင်တစ်နိုင်အပြင် စီးပွားဖြစ်ပါ ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးလာ ကြပါသည်။ မြိတ်မြို့ပေါ်ရှိ ဈေးကြီးများနှင့် ရပ်ကွက်ဈေးငယ်များတွင် ခရမ်းကြွပ်သီးတစ်ဆယ်သား လျှင် (၁၀၀၀)ကျပ်ခန့်ရှိပြီး တစ်ပိဿာလျှင် (၈၀၀၀)ကျပ်ခန့်ရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)