Main menu

ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ စားသုံးသူအသိပညာပေး Talk Show ဆောင်ရွက်

Powered by Drupal

              ဧရာဝတီတိုင်းဒေသကြီး၊မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနမှ ဦးထက်ဘုန်းနိုင် နှင့် စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်မြို့နယ် ဦးစီးမှူးရုံးမှ အငယ်တန်းစာရေး ဦးကောင်းဆက်အေးချိုတို့ ပူးပေါင်း၍ (၁၀-၉-၂၀၂၆)ရက်နေ့ နေ့လည်(၁၃:၀၀) အချိန်တွင် မြန်အောင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟို ဌာန (Community Centre) ခန်းမ၌ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ အသိပညာပေး Talk Show အစီအစဉ်ကို ဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါအစီအစဉ်တွင် စားသုံးသူရေးရာဦးစီးဌာန အငယ်တန်းစာရေး ဦးကောင်းဆက်အေးချို က ၂၀၁၉ ခုနှစ် မတ်လ(၁၅)ရက်နေ့တွင်  ပြဌာန်းခဲ့သော စားသုံးသူကာကွယ်ရေးဥပဒေ၏  အခန်း (၁၈)ပါ ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းဖြစ်သော  ပုဒ်မ ၄၁ အရ  စီးပွားရေးလုပ်ငန်းရှင်သည် ကုန်စည်များထုတ်ပိုး ပြင်ဆင်မှုအပေါ်တွင် ကုန်စည် အမျိုးအစားအလိုက်  သတ်မှတ်ထားသော ကုန်စည်၏ တံဆိပ်အမှတ် အသား၊ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသား တင် ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်းများ၊ ကုန်စည်များအပေါ်တွင် စတင် ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့်ရက်စွဲအား သိသာထင်ရှားစွာဖော်ပြရန်၊ ကုန်စည်နှင့်စပ်လျဉ်း၍ ကျန်းမားရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုး သို့မဟုတ် ဓာတ်မတည့်ကြောင်းဖော်ပြချက် များအား စားသုံးသူများသိရှိနိုင်စေရန်ကြိုတင် သတိပေးချက်များအားဖော်ပြရမည် ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့သည်ဟု သတင်းရရှိပါသည်။

(DOCA ဧရာဝတီ)