Main menu

ပဲခူးတိုင်းဒေသကြီးတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ သင်တန်းဖွင့်လှစ်

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန ၊ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ဝန်ထမ်းများ၏ လုပ်ငန်းစွမ်းဆောင်ရည်များ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် စားသုံးသူကာကွယ်ရေးဆိုင်ရာ လုပ်ငန်းဆောင်ရွက်နေမှု များ သိရှိလိုက်နာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်စေရန်တို့အတွက် သက်ဆိုင်ရာ ဌာနခွဲများများမှ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူများ ဦးစီးလျက် စားသုံးသူကာကွယ်‌ရေးဆိုင်ရာ သင်တန်းအား Online Virtual စနစ်ဖြင့် (၁၉.၁၂.၂၀၂၂ )ရက်နေ့မှ (၂၁.၁၂.၂၀၂၂)ရက်နေ့ထိ ကျင်းပပြုလုပ်ခဲ့ပါသည်။

   အဆိုပါသင်တန်းတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ ဘာသာရပ်များ ၊ ထုတ်ကုန်လုံခြုံစိတ်ချရမှု ဘာသာရပ် ၊ စားသုံးသူကာကွယ်ရေး ဥပဒေနှင့် မိတ်ဖက်ဌာနဖြစ်သော အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေး ဦးစီးဌာနမှ အစားအသောက် ၊ ဆေးဝါး၊ ဆေးပစ္စည်းနှင့် အလှကုန် ဘေးအန္တရာယ်ကင်းရှင်းရေး အကြောင်းအရာတို့ကို သက်ဆိုင်ရာသင်တန်းနည်းပြ (၄) ဦးမှ တိုင်းဒေသကြီး ၊ ခရိုင် ၊ မြို့နယ်များရှိ သင်တန်းသား / သင်တန်းသူ (၂၀)ဦးအား Power Point များနှင့်တကွ အသီးသီးအကျယ်တဝင့် ရှင်းလင်းပို့ချ ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)