Main menu

တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပပြုလုပ်

Powered by Drupal

         ပဲခူးတိုင်းဒေသကြီး ၊ ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ လုပ်ငန်းဆောင်တာများ ထိရောက်စွာဆောင်ရွက်သွားနိုင်ရန် ရည်ရွယ်၍ ၂၀.၁၂.၂၀၂၂ ရက်နေ့ ၊ နေ့လယ် (၁၅ : ၀၀) နာရီ အချိန်တွင် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး ၊ အစည်းအဝေးခန်းမ၌ တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။

          အဆိုပါ အစည်းအဝေးသို့ ပဲခူးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့ဥက္ကဌ ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည် ။ အစည်းအဝေးတွင် ပဲခူးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး အစီအစဉ်များနှင့် ‌ရှေ့ဆက်လက် ဆောင်ရွက်မည့် အစီအမံများနှင့်ပတ်သက်၍ ဆွေးနွေးခြင်း ၊ ပြည်တွင်းကုန်သွယ်မှု လုပ်ငန်းများကို ကာကွယ်ရန်နှင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်မည့် အခြေအနေ များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည် ။

      ပဲခူးတိုင်းဒေသကြီးအနေဖြင့် ၂၀၂၂ ခုနှစ် ၊ ဇန်နဝါရီလတွင် စိုက်ပျိုးရေးဆေးပစ္စည်း ၊ စားသောက်ကုန် ၊ လူသုံးကုန်ပစ္စည်းအား တန်ဖိုး ( ၉၄.၄၇၄) ကျပ်သန်းပေါင်းကို လည်းကောင်း ၊ ဖေဖော်ဝါရီလတွင် အင်ဂျင်ဝိုင်‌ဖာ ၊ စားသောက်ကုန် ၊ လူသုံးကုန်ပစ္စည်းများအား တန်ဖိုး (၆၄.၃၀၁) ကျပ်သန်းပေါင်းကိုလည်းကောင်း ၊ မတ်လတွင် မော်တော်ယာဉ်နှင့်   စားသောက်ကုန်များအား   တန်ဖိုး ( ၂၂၁.၅၂၉) ကျပ်သန်းပေါင်းကိုလည်းကောင်း ၊ ဧပြီလတွင် မော်တော်ယာဉ်နှင့် စားသောက်ကုန်များအား တန်ဖိုး (၁၂၆.၁၃၃) ကျပ်သန်းပေါင်းကိုလည်းကောင်း ၊ မေလတွင် စားသောက်ကုန် ၊ လူသုံးကုန်ပစ္စည်းများ ၊ မော်တော်ယာဉ်နှင့် လိုင်စင်မဲ့ယာဉ်များအား တန်ဖိုး ( ၁၆၃.၈၇၃) ကျပ်သန်းပေါင်း ကိုလည်းကောင်း ၊ ဇွန်လတွင် ယာဉ် ၊ မော်တော်ယာဉ်နှင့် စားသောက်ကုန် ၊ လူသုံးကုန် ပစ္စည်းများအား တန်ဖိုး ( ၄၄၁.၉၅၉) ကျပ်သန်းပေါင်းကိုလည်းကောင်း ၊ ဇူလိုင်လတွင် ယာဉ် ၊ မော်တော်ယာဉ်နှင့် စားသောက်ကုန် ၊ လူသုံးကုန်ပစ္စည်းများအား တန်ဖိုး ( ၁၄၁၂.၈၉၈) ကျပ်သန်းပေါင်း ကိုလည်းကောင်း ၊ သြဂုတ်လတွင် မော်တော်ယာဉ်နှင့် စားသောက်ကုန် ၊ လူသုံးကုန်ပစ္စည်းများအား တန်ဖိုး ( ၆၉၅.၀၅၅) ကျပ်သန်းပေါင်းကိုလည်းကောင်း ၊ စက်တင်ဘာလတွင် ကုန်ပစ္စည်းတင် မော်တော်ယာဉ်နှင့် လူသုံးကုန်ပစ္စည်းများအား တန်ဖိုး (၆၈၇.၅၂၇) ကျပ်သန်းပေါင်းကိုလည်းကောင်း ၊ အောက်တိုဘာ လတွင် စားသောက်ကုန် ၊ လူသုံးကုန်ပစ္စည်များ ၊ မော်တော်ယာဉ်များအား တန်ဖိုး (၄၁၆.၁၁၀) ကျပ်သန်းပေါင်းကိုလည်းကောင်း  ၊ နိုဝင်ဘာလတွင် စားသောက်ကုန် ၊ လူသုံးကုန်ပစ္စည်များ ၊ မော်တော်ယာဉ်နှင့် လိုင်စင်မဲ့ယာဉ်များအား တန်ဖိုး ( ၁၈၇.၆၃၁) ကျပ်သန်းပေါင်းကို တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့မှ ဖမ်းဆီးရမိပြီးဖြစ်ပါကြောင်း သတင်းရရှိပါသည် ။

DOCA(ပဲခူး)