Main menu

ပြည်တက္ကသိုလ်၌ စားသုံးသူကာကွယ်ရေးနှင့် အစားအသောက်၊ ဆေးဝါးဆိုင်ရာများ အသိပညာပေးဆွေးနွေးဟောပြော

Powered by Drupal

        ပြည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနနှင့် ပဲခူးတိုင်းဒေသကြီး၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးဌာနတို့ ပူးပေါင်း၍ ပြည်တက္ကသိုလ်ပါမောက္ခချုပ်၏ စီစဉ်ဆောင်ရွက်ပေးမှုဖြင့် (၁၅.၁၂.၂၀၂၂) ရက်နေ့တွင် ပြည်တက္ကသိုလ် ဘက်စုံသုံးခန်းမ၌ စားသုံးသူကာကွယ်ရေးနှင့် အစားအသောက်ဆေးဝါးဆိုင်ရာ အသိပညာပေးဟောပြောဆွေးနွေးပွဲကို ကျင်းပခဲ့ပါသည်။

            ရှေးဦးစွာ ပြည်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာသက်လွင်က အဖွင့်အမှာစကားပြောကြားပြီး စားသုံးသူရေးရာဦးစီးဌာန ပြည်ခရိုင်ဦးစီးမှူး ဦးမင်းဆွေက စားသုံးသူများ၏ အခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ လိုက်နာရမည့် တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားအပါအဝင် စားသုံးသူပြည်သူများနှင့် အစားအသောက်ရောင်းချသူများ၊ လုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရမည့် အကြောင်းအရာများနှင့် စားသုံးသူကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများအကြောင်းကိုလည်းကောင်း၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးဒေါ်မေသန်းနိုင်က အန္တရာယ်ဖြစ်စေနိုင်သည့် ဓါတုဆိုးဆေးများအကြောင်းအပါအဝင် အစားအသောက်၊ ဆေးဝါး၊ ဆေးပစ္စည်းနှင့် အလှကုန်ပစ္စည်းများ အသုံးပြုရာတွင် ဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ သိကောင်းစရာများ အကြောင်းတို့ကိုလည်းကောင်း အကျယ်တဝင့် အသိပညာပေးဆွေးနွေးဟောပြောခဲ့ပါသည်။

        ထို့နောက် တက်ရောက်လာခဲ့ကြသော ပြည်တက္ကသိုလ်မှ ကျောင်းသား/ကျောင်းသူများနှင့် တက္ကသိုလ်ကျောင်းဝန်းအတွင်း အစားအသောက်ရောင်းချသူများက ဟောပြောဆွေးနွေးချက်များအပေါ် သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြပြီး တာဝန်ရှိသူများက ပြန်လည် ဆွေးနွေး ဖြေကြားပေးခဲ့ပါသည်။

      အဆိုပါ အသိပညာပေးဆွေးနွေးပွဲသို့ ပြည်တက္ကသိုလ် ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်နှင့် ပါမောက္ခဌာနမှူးများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများနှင့် တက္ကသိုလ်တွင် အစားအသောက်ရောင်းချသူများ စုစုပေါင်း ၃၀၀ကျော်တက်ရောက်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)