Main menu

ပြည်ခရိုင်အတွင်းရှိ အခြေခံပညာကျောင်းများတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောဆွေးနွေး

Powered by Drupal

       စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူပြည်သူများ စားသုံးသူအခွင့်အရေးများ အပြည့်အဝရရှိနိုင်ရေးရည်ရွယ်၍ စားသုံးသူအသိပညာပေးလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်အတွက် (၁.၁၂.၂၀၂၂) တွင် ပြည်မြို့ မူလွန် (တွင်းဗြည်း)ကျောင်း၊ (၉.၁၂.၂၀၂၂)တွင် ပြည်မြို့ အ.ထ.က (အမှတ်-၂)ကျောင်း၊ (၂.၁၂.၂၀၂၂) တွင် ပန်းတောင်းမြို့ မူလွန်(ခတ္တိယ)ကျောင်း၊ (၅.၁၂.၂၀၂၂)တွင် ပန်းတောင်းမြို့ မူလွန် (သီးကုန်း) ကျောင်း၊ (၂၀.၁၂.၂၀၂၂)တွင် ပန်းတောင်းမြို့ မူလွန် (ညောင်ပင်သာ) ကျောင်းစသည့် အခြေခံပညာကျောင်းများတွင် သက်ဆိုင်ရာမြို့နယ်ဌာနဆိုင်ရာများနှင့် ပူးပေါင်းပြီး စားသုံးသူအသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ရာ ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၄၅၈)ဦး တက်ရောက်ခဲ့ပါသည်။

      အဆိုပါ အသိပညာပေးဟောပြောပွဲတွင် သက်ဆိုင်ရာမြို့နယ်တာဝန်ခံများမှ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူများရရှိမည့် အခွင့်အရေးနှင့် လိုက်နာရမည့်တာဝန်များ၊ ကုန်စည်များရွေးချယ်ဝယ်ယူရာတွင် သတိပြုရမည့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာအချက်များ စားသုံးသူများ နစ်နာဆုံးရှုံးမှုရှိပါက တိုင်ကြားနိုင်မည့် ပုဂ္ဂိုလ်များနှင့် နည်းလမ်းများ၊ ပြစ်မှုပြစ်ဒဏ်များ၊ သက်ဆိုင်ရာဌာနများက စားသုံးရန်မသင့်ဟု တားမြစ်ထုတ်ပြန်ထားသော ကုန်စည်များအား ရွေးချယ်ဝယ်ယူမှုမပြုဘဲ ကုန်အညွှန်းအမှတ်အသားပြည့်စုံသော ကုန်ပစ္စည်းများကိုသာ ရွေးချယ်ဝယ်ယူကြရန် အသိပညာပေးဟောပြောခြင်းများဆောင်ရွက်ခဲ့ပြီး စားသုံးသူအသိပညာပေး လက်ကမ်းစာစောင်များလည်း ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)