Main menu

ပြည်မြို့နယ်တွင် စားသုံးသူအသိပညာပေးဆွေးပွဲကျင်းပပြုလုပ်

Powered by Drupal

      ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်အတွင်းရှိ ပြည်မြို့၊ ကျောင်းကြီးအိုးတန်းရပ်ကွက်ရှိ အမှတ်(၂) အခြေပညာအထက်တန်းကျောင်းသို့ (၂၀.၁၂.၂၀၂၂)ရက်နေ့ နံနက်ပိုင်းတွင် ပြည်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများ၊ မိတ်ဖက်ဌာနဆိုင်ရာများဖြစ်ကြသော မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မူခင်းသတင်းအဖွဲ့၊ မြို့နယ်အမျိုးသမီးရေးရာ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့နှင့် ပူးပေါင်း၍ စားသုံးသူအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။

      အဆိုပါ စားသုံးသူအသိပညာပေးဆွေးနွေးပွဲတွင် ပြည်မြို့နယ်တာဝန်ခံရုံးမှ  ဒေါ်ခင်ဆွေဦးသည် အသိပညာပေးဟောပြောရာတွင် စားသုံးသူအခွင့်အရေး(၈)ချက်၊ ကုန်စည်များဝယ်ယူ သုံးစွဲရာတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်မှုရှိသည့် ကုန်ပစ္စည်းကိုသာ ဝယ်ယူသုံးစွဲကြရန်၊ သက်တမ်းကုန်ဆုံးရက်ကို သေချာစွာစစ်ဆေးပြီးမှဝယ်ယူရန်နှင့် မြန်မာဘာသာပါသည့် မုန့်များအား ရွေးချယ်ဝယ်ယူစားသောက်ရန်တို့ကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးကြောင်း သိရှိရပါသည် ။

DOCA(ပဲခူး)