Main menu

ပြည်ပပို့ကုန်  ပဲတီစိမ်းဈေးနှုန်းများ တည်ငြိမ်လျက်ရှိ

Powered by Drupal

      မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူကုန်စည်ဒိုင်တွင် ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (စတုတ္ထပတ်)တွင်  ပဲတီစိမ်းဈေးနှုန်းမှာ တစ်တင်း(၁၉ပိဿာ)လျှင် ပဲတီစိမ်းကြီး(ကုန်း) ကျပ် (၇၇၀၀၀ - ၇၈၀၀၀) ပဲတီစိမ်း(သေး)ပဲနှောက်တစ်တင်းလျှင် ကျပ်(၉၃၀၀၀)ဈေးဖြင့် အရောင်း အဝယ်ဖြစ်နေပြီး ယခင် တစ်ပတ်ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက ပဲတီစိမ်း(ကြီး) တစ်တင်းလျှင် ကျပ် (၂၀၀၀-၂၅၀၀) ဝန်းကျင်ခန့် ဈေးအနည်းငယ်ကျပြီး ပဲတီစိမ်း(သေး)မှာ ဈေးနှုန်းပြောင်းလဲမှုမရှိဘဲ တည်ငြိမ်လျက်ရှိသည်ကို တွေ့ရပါသည်။

ဈေးကွက်သုံးသပ်ချက်

     ဩဂုတ်လအတွင်း ပခုက္ကူကုန်စည်ဒိုင်တွင် ပဲတီစိမ်းဈေးနှုန်းများ ပြန်လည်တည်ငြိမ် လျက်ရှိသည် ကိုတွေ့ရသည်။ နွေပဲတီစိမ်းများ ဈေးကွက်ထဲဝင်ရောက်မှု နည်းပါးခြင်း၊ ပွဲရုံများတွင် လက်ကျန်ပဲနည်းပါးခြင်း၊ ပြည်ပ(တရုတ်၊  ဥရောပ)ဈေးကွက်သို့ ပုံမှန်တင်ပို့ရခြင်း၊ လာမည့် မိုးပဲ အသစ်များမပေါ်မချင်း လက်ရှိပေါက်ဈေးဝန်းကျင်တွင် ဆက်လက် တည်ငြိမ်နိုင်ကြောင်း ကုန်စည် ဒိုင်သတင်းများအရ သုံးသပ်ရပါသည်။

ဈေးကွက်အလားအလာ

          လာမည့်(-)လအတွင်း ဈေးနှုန်းများ ဆက်လက်တည်ငြိမ်နိုင်(သို့) အနည်းငယ်မြင့်တက် ရန်ရှိသည်။ နွေပဲများ ဈေးကွက်ထဲဝင်ရောက်မှု မရှိတော့၍ လက်ကျန်နည်းပါးခြင်းက ဈေးနှုန်းကို ထိန်းထားပေးသည်။ ပြည်ပဝယ်လိုအားပေါ်မူတည်၍ ဈေးနှုန်းအတက်/အကျဖြစ်နိုင်သည်။ မိုးပဲ အသစ်များ အောက်တိုဘာလ/နိုဝင်ဘာလတွင် မပေါ်မချင်း ဈေးကွက်သည် အကျဘက်သို့ ရောက်ရှိရန် ရာခိုင်နှုန်းနည်းပါသည်။လက်ရှိတွင် ပဲအရည်အသွေး ကောင်းမွန်ပြီး ခြောက်သွေ့မှု ရှိသော ပဲတီစိမ်း သေး(ပဲနောက်)များကို သိုလှောင်ထားပါက ဈေးပိုရနိုင်သော်လည်း ရာသီကုန် ခါနီးဖြစ်၍ အမြတ်ရ လျှင်ထုတ်ရောင်းခြင်းက ပိုမိုစိတ်ချရသည်ဟု ကုန်သည်များထံမှ သိရှိရပါသည်။

DOCA(မကွေး)