Main menu

ဘရူနိုင်း စိုက်ပျိုးရေးနှင့် စိုက်ပျိုးရေးစားသောက်ကုန်ဆိုင်ရာပြပွဲက စိုက်ပျိုးရေးကဏ္ဍ၏ အောင်မြင်မှုများကို မီးမောင်းထိုးပြ

Powered by Drupal

         ဘရူနိုင်းနိုင်ငံ၏ စိုက်ပျိုးရေးနှင့် စိုက်ပျိုးရေးစားသောက်ကုန် ဦးစီးဌာနသည် ၎င်းတို့၏ ပြပွဲ ကို မြို့တော်အနီးရှိ အပန်းဖြေဥယျာဉ်တစ်ခု၌ ၂၀၂၆ ခုနှစ် သြဂုတ်လ ၁၉ ရက်နေ့မှ ၂၀ ရက်နေ့ အထိ ကျင်းပလျက်ရှိသည်။

        အဆိုပါပွဲသည် မိဘပြည်သူများနှင့် စိုက်ပျိုးရေးလုပ်ငန်းရှင်များအတွက် ဦးစီးဌာနက ထောက်ပံ့ပေးနေသော ဝန်ဆောင်မှုများ၊ ဆောင်ရွက်ချက်များကို ပြည်သူများပိုမိုသိရှိနားလည် လာစေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း ဦးစီးဌာနက ပြောကြားခဲ့သည်။

       ထို့အပြင် ယခုပြပွဲသည် စိုက်ပျိုးရေးထုတ်လုပ်မှုကွင်းဆက် ပိုမိုခိုင်မာအားကောင်းစေရန် ကူညီပေးမည့်အပြင် စက်မှုလုပ်ငန်းရှင်များနှင့် ပြည်သူများအား ဦးစီးဌာန၏ ဝန်ဆောင်မှုများကို ပိုမိုကျယ်ကျယ်ပြန့်ပြန့် နားလည်သဘောပေါက်လာစေရန် မျှော်လင့်ထားသည်။

     အဆိုပါပွဲတွင် ပြင်ပပုဂ္ဂလိကကုမ္ပဏီများမှ ဘရူနိုင်းဆိုင်ခန်း ပေါင်း ၂၀ ပါဝင်ပြသလျက်ရှိပြီး၊ ထုတ်လုပ်မှုစွမ်းအား မြှင့်တင်ရန်နှင့် စိုက်ပျိုးရေးနှင့် စိုက်ပျိုးရေးစားသောက်ကုန် ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုနိုင်မည့် ထုတ်ကုန်များ၊ ဆန်းသစ်သော နည်းပညာများနှင့် ဝန်ဆောင်မှုအမျိုးမျိုးကို ခင်းကျင်းပြသထားကြောင်း သိရှိရပါသည်။

Source : Xinhua                                                                                   

DOCA (ရန်ကုန်)