
၂၀၂၆ ခုနှစ် ဇန်နဝါရီလမှ ဇွန်လအထိ အိန္ဒိယနိုင်ငံ၏ ပဲစင်းငုံတင်သွင်းမှုပမာဏသည် ယခင်နှစ်ကာလထက် ၄၃ ရာခိုင်နှုန်းကျော် မြင့်တက်ပြီး တန်ချိန် ၅၀၅,၂၈၆ အထိ ရှိခဲ့သည်။ အဆိုပါ ကာလအတွင်း မတ်ပဲတင်သွင်းမှုမှာ ၁၉ ရာခိုင်နှုန်းကျော် ကျဆင်းလျက် တန်ချိန် ၃၃၉,၈၇၇ ခန့် ရှိခဲ့ ကြောင်း အိန္ဒိယကူးသန်းရောင်းဝယ်ရေးဦးစီးဌာနမှ ထုတ်ပြန်ထားသည့် အချက်အလက်များကို ကိုးကား၍ အိန္ဒိယနိုင်ငံ ပဲမျိုးစုံနှင့် ကောက်ပဲသီးနှံများအသင်း (IPGA) က ပြောကြားခဲ့သည်။ ဇွန်လတစ်လတည်းတွင် ပဲစင်းငုံတင်သွင်းမှုသည် ယခင်နှစ်ထက် ၄၃% မြင့်တက်ခဲ့ပြီး တန်ချိန် ၇၇,၈၃၀ ရှိခဲ့သည်။ ထို့အပြင် မတ်ပဲတင်သွင်းမှုမှာ ၂၂% မြင့်တက်ကာ တန်ချိန် ၄၆,၈၂၀ တန် ရှိခဲ့ ကြောင်း စာရင်းအချက်အလက်များအရ သိရှိရသည်။
အိန္ဒိယနိုင်ငံသည် ၂၀၂၆ ခုနှစ်၊ ပထမနှစ်ဝက်ကာလအတွင်း ပဲစင်းငုံကို မြန်မာနိုင်ငံနှင့် အာဖရိကနိုင်ငံများမှ အများဆုံးတင်သွင်းခဲ့ကြောင်း၊ မိုဇမ်ဘစ်နိုင်ငံမှ မတ်ပဲတန်ချိန် 183,753၊ မြန်မာနိုင်ငံမှ မတ်ပဲတန်ချိန် 123,725၊ တန်ဇန်နီးယားနိုင်ငံမှ မတ်ပဲတန်ချိန် 101,163၊ ဆူဒန် နိုင်ငံမှ မတ်ပဲတန်ချိန် ၄၉,၀၄၉ တို့ကို အသီးသီး တင်သွင်းခဲ့ကြောင်း အချက်အလက်များအရ သိ ရှိရသည်။
အိန္ဒိယနိုင်ငံသည် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလမှ ဇွန်လအထိ မြန်မာနိုင်ငံမှ မတ်ပဲတန်ချိန် 278,320 တင်သွင်းခဲ့သည်။ အိန္ဒိယနိုင်ငံအတွက် မတ်ပဲတင်သွင်းရာတွင် တစ်ဖြည်းဖြည်း အရေးပါ လာသည့် အခြားနိုင်ငံ တစ်နိုင်ငံဖြစ်သည့် ဘရာဇီးနိုင်ငံမှ တင်သွင်းမှုမှာ အဆိုပါကာလအတွင်း တန်ချိန် 39,309 ရှိခဲ့ကြောင်း သိရသည်။ အိန္ဒိယနိုင်ငံသည် ထိုင်းနိုင်ငံမှ မတ်ပဲတန်ချိန် 11,449 ကို တင်သွင်းခဲ့ပြီး အခြားနိုင်ငံများမှလည်း တန်ချိန် 10,798 ကို တင်သွင်းခဲ့ကြောင်း အချက်အလက် များရ သိရှိရသည်။
Source: Informist, 14 August 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)
