Main menu

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း  မြို့နယ်အလိုက်အရောင်းအဝယ် ဖြစ်နေသောစပါး/ ဆန်ဈေးနှုန်းများအခြေအနေ

Powered by Drupal

      စစ်ကိုင်းတိုင်းဒေသကြီးအတွင်း  ဩဂုတ်လ တတိယပတ်တွင် ဖြစ်ပေါ်နေသော စပါး/ ဆန် ဈေးနှုန်းများမှာ ရွှေဘိုခရိုင်တွင်  ရွှေဘိုပေါ်ဆန်း (စပါး)(သစ်) တင်း ၁၀၀ လျှင် ၆၁၀၀၀၀၀ ကျပ် ၊ ပေါ်ဆန်း(ဆန်)(သစ်) ၂၄ ပြည်ပါ တစ်အိတ်လျှင် ၂၄၀၀၀၀ ကျပ်၊ ဧရာမင်း ဆန် (သစ်) ၂၄ ပြည်ပါ တစ်အိတ်လျှင်  ၁၆၅၀၀၀ ကျပ်၊ ရွှေဝါထွန်း(နွေ) စပါးတင်း ၁၀၀ လျှင် ၂၀၀၀၀၀၀ ကျပ်၊ ဆန်(၂၄)ပြည်တစ်အိတ်လျှင် ၁၀၀၅၀၀ ကျပ် တို့ဖြင့် ရောင်းချလျက်ရှိပါသည်။

      ကလေးခရိုင်၊ ကလေးမြို့နယ်တွင် ဧည့်မထ(စပါး) တင်း ၁၀၀ လျှင် ၂၇၀၀၀၀၀ ကျပ် ၊ ဆန် ၂၄ ပြည်ပါတစ်အိတ်လျင် ၉၅၀၀၀ ကျပ်၊ ဧရာမင်း(စပါး) (ဟောင်း) တင်း ၁၀၀ လျှင် ၃၂၀၀၀၀၀ ကျပ်၊ ဆန် ၂၄ ပြည်ပါတစ်အိတ်လျင် ၁၃၀၀၀၀ ကျပ် တို့ဖြင့် ရောင်းချလျက်ရှိကြောင်းသိရသည်။

            စစ်ကိုင်းခရိုင်တွင်   ရွှေဘိုပေါ်ဆန်း စပါးတင်း ၁၀၀ လျှင် ၅၉၀၀၀၀၀ ကျပ် ၊ ပေါ်ဆန်း (ဆန်) ၂၄ ပြည်ပါ တစ်အိတ်လျှင် ၂၃၅၀၀၀ ကျပ်၊ ဧရာမင်း စပါး(ဟောင်း) တင်း ၁၀၀ လျှင် ၃၅၀၀၀၀၀ ကျပ်၊ ဆန် ၂၄ ပြည်ပါ တစ်အိတ်လျှင် ၁၈၀၀၀၀ ကျပ်၊ မနောသုခ စပါး(သစ်)  တင်း ၁၀၀ လျှင် ၂၂၀၀၀၀၀ ကျပ်၊ ဆန် ၂၄ ပြည်ပါ တစ်အိတ်လျှင် ၉၈၀၀၀ ကျပ်တို့ဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။

    မုံရွာခရိုင်၊ မုံရွာမြို့တွင် ဧရာမင်းစပါး တင်း ၁၀၀ လျှင် ၃၇၀၀,၀၀၀ ကျပ်၊  ဆန် ၂၄ ပြည်တစ်အိတ်လျှင် ၁၇၅၀၀၀ ကျပ်၊ ရွှေဘိုပေါ်ဆန်း စပါး  တင်း ၁၀၀ လျှင် ၆၀ ၀၀၀၀၀ ကျပ် ၊ ဆန် ၂၄ ပြည် တစ်အိတ်လျှင် ၂၄၀၀၀၀ ကျပ်၊ မနောသုခ စပါး(သစ်)တင်း ၁၀၀ လျှင် ၂၆၀၀,၀၀၀ ကျပ် ၊  ဆန် ၂၄ ပြည် တစ်အိတ်လျှင် ၁၁၀၀၀၀ ကျပ် ၊ ရွှေဝါထွန်းစပါး(သစ်) တင်း ၁၀၀ လျှင် ၂၃၀၀၀၀၀ ကျပ် ၊ ဆန် ၂၄ပြည် တစ်အိတ်လျှင် ၁၀၅၀၀၀ ကျပ်တို့ဖြင့်  အရောင်းအဝယ်ဖြစနေကြောင်း သိရသည်။

DOCA(စစ်ကိုင်း)