Main menu

“ကြက်သွန်နီဈေးနှုန်းများမြင့်တက်လျက်ရှိ”

Powered by Drupal

            ကျောက်ဆည်ခရိုင်သည် ဆည်ရေသောက်ဒေသတစ်ခုဖြစ်ပြီး  သီးနှံမျိုးစုံ   အောင်မြင်ဖြစ်ထွန်း လျက်ရှိရာ စပါး၊ ပဲ၊ ပြောင်းသီးနှံများအပြင် စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သော ကြက်သွန်သီးနှံကို လည်းစိုက်ပျိုးလျက်ရှိပါသည်။ နေ့စဉ်ချက်ပြုတ်ရာတွင် မရှိမဖြစ်အဓိကပါဝင်ပစ္စည်းတစ်ခုဖြစ်သည့် ကြက်သွန်နီသည် ဟင်းလျာများကို အရသာတိုးစေရုံမျှမကဘဲဆေးဖက်ဝင် အကျိုးကျေးဇူးများစွာ ရရှိသည့်ကြက်သွန်နီသည် ယခုအချိန်တွင် ဒေသတွင်း ထွက်ရှိမှုမရှိတော့ဘဲ မုံရွာမှကြက်သွန်များ ဝင်ရောက်လျက်ရှိပါသည် ။ ကြက်သွန်နီစျေးနှုန်းအနေဖြင့် ယခင်လတွင် ကြက်သွန်နီ လက်လီ စျေးအနေဖြင့် ကြက်သွန်နီ အကြီး(၁)ပိဿာလျှင် (၃၀၀၀/-)ကျပ် ၊ အလတ် (၁)ပိဿာလျှင် (၂၅၀၀/-) ကျပ် ၊ အသေး(၁)ပိဿာလျှင် (၂၀၀၀/-)ကျပ်ဖြင့် စျေးနှုန်းများဖြင့် ရောင်းဝယ်ခဲ့ပြီး ယခုလ ပထမပတ်တွင် ကြက်သွန်နီ လက်လီစျေးအနေဖြင့် ကြက်သွန်နီ အကြီး(၁)ပိဿာလျှင် (၆၅၀၀/-) ကျပ်၊ အလတ်(၁)ပိဿာလျှင် (၅၀၀၀/-)ကျပ် ၊ အသေး(၁)ပိဿာလျှင် (၄၀၀၀/-)ကျပ်ဖြင့် ရောင်းဝယ် လျက်ရှိပြီး ယခင်လ နှင့် ယခုအပတ်နှိုင်းယှဉ်ပါက စျေးနှုန်းများ မြင့်တက်လျက်ရှိကြောင်း ကြက်သွန်ရောင်းချသည့် စျေးသည်များထံမှသိရှိရပါသည်။

DOCA(မန္တလေး)