Main menu

ဆယ်စုနှစ်ကျော်အတွင်း အိန္ဒိယ၏ ဆေးရွက်ကြီးတင်ပို့မှု ရူပီး သန်း ၁၇၁၉၂.၀၄ ဖြင့် ၁၆၆ % မြင့်တက်ခဲ့

Powered by Drupal

     ပြီးခဲ့သည့် ဆယ်နှစ်ကျော်ကာလအတွင်း ဆေးရွက်ကြီးနှင့် ဆေးရွက်ကြီးထုတ်ကုန် တင်ပို့မှု သည် အရေအတွက်အားဖြင့်  ၅၃.၁၀ % နှင့် တန်ဖိုးအားဖြင့် ၁၆၆ % မြင့်တက်ခဲ့ကြောင်း အိန္ဒိယ အစိုးရ ကပြောကြားထားပါသည်။

    စက်မှုနှင့်စီးပွားကူးသန်းဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးက ဆိပ်ကမ်းတင်ပို့မှုသည် ရူပီး တန်ဖိုး သန်း ၆၄၅၀.၆၆ ၊ တန်ချိန်ကီလိုဂရမ် ၂၄၀.၉၃ သန်း မှ ရူပီးတန်ဖိုး သန်း ၁၇၁၉၂.၀၄၊ တန်ချိန် ကီလိုဂရမ် ၃၆၈.၈၅ သန်းသို့တိုးတက်ခဲ့ကြောင်း ပြောကြားထားပါသည်။ တရုတ်နိုင်ငံ ပြီးလျှင် အိန္ဒိယသည် ဒုတိယအကြီးဆုံး ဆေးရွက်ကြီး ထုတ်လုပ်သည့် နိုင်ငံဖြစ်လာကြောင်း ကိန်း ဂဏန်းအချက်အလက်များအရ သိရသည်။

    ဆေးရွက်ကြီးထုတ်လုပ်မှုကဏ္ဍကို မြှင့်တင်ရန်အတွက် အစိုးရအနေဖြင့် Flue-Curved Virginia (FVC) ဆေးရွက်ကြီးစိုက်ပျိုးသည့်တောင်သူများအား ကာကွယ်စောင့်ရှောက်ပေးလျက် ရှိရာ အမျိုးသားသုတေသနနှင့် စိုက်ပျိုးကုန်သွယ်မှုဌာနမှ အရည်အသွေးမြင့်မျိုးစေ့များ ထောက်ပံ့ ၍ ထုတ်လုပ်မှုအရည်အသွေးတိုးတက်အောင်ဆောင်ရွက်ပေးခြင်း၊ ဈေးကွက်လိုအပ်ချက်နှင့်အညီ ထုတ်လုပ်နိုင်ရေး တာဝန်ရှိသူများနှင့်တွေ့ဆုံဆွေးနွေးခြင်း စသည် တို့ကိုဆောင်ရွက်ပေးလျက်ရှိ ကြောင်းသိရသည်။

    စိုက်ပျိုးရေး အထောက်အပံ့အနေဖြင့် သက်သာချောင်ချိရေး အစီအစဉ်များကို ဒေသခံ တောင်သူများထံသို့ တိုက်ရိုက်ပေးအပ်လျက်ရှိကြောင်း၊ ဆေးရွက်ကြီး စိုက်ပျိုးသူများသက်သာ ချောင်ချိရေး အစီအစဉ်အရ ၂၀၂၅-၂၀၂၆ ခုနှစ်အတွင်း စိုက်ပျိုးသူ ၁၃၀၀ ကျော် အား သဘာဝ ဘေးဒဏ်၊ မတော်တဆ သေဆုံးမှု၊ ဆေးဝါးကုသမှု၊ ပညာရေး၊ ထိမ်းမြားလက်ထပ်ခြင်း စသည် တို့အတွက် ငွေကြေးထောက်ပံ့မှုများပြုလုပ်ပေးခဲ့ကြောင်းသိရသည်။

    တရားမဝင်ကုန်သွယ်မှုနှင့် အခွန်ရှောင်ရှားမှုများမှ တားဆီးရန်အတွက် ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ စတင်၍ အထူးသီးသန့်ဆေးရွက်ကြီးထုတ်ကုန်များအား ဗဟိုအစိုးရက သွယ်ဝိုက်အခွန်ကောက်ခံမှုစနစ်ကို စတင်ထားကြောင်းသိရသည်။ ကုန်စည်နှင့်ဝန်ဆောင်မှု အခွန် စနစ်အရ ထုတ်လုပ်မှုပထမအဆင့်မှစတင်ကာ အခွန်ကောက်ခံနိုင်ရေးအတွက် လက်ကားရောင်း ချမှု ဈေးနှုန်းအပေါ်အခြေခံ၍ တန်ဖိုးတွက်ချက်မှုကို ဆောင်ရွက်ထားကြောင်းသိရသည်။

    ကုန်စည်နှင့်ဝန်‌ဆောင်မှုအခွန်ပေးဆောင်မှုနှင့်စပ်လျဉ်း၍ ဆေးရွက်ကြီးထုတ်ကုန်များအား အခွန် (၀ ရာခိုင်နှုန်း) ဖြင့်ကောက်ခံခြင်းအားဖျက်သိမ်းထားကြောင်း၊ ဆေးရွက်ကြီးနှင့် အလားတူ ထုတ်ကုန်များ ထုတ်လုပ်သူများသည်  လစဉ် အမှန်ထုတ်လုပ်မှု၊ ထုတ်လုပ်မှုစွမ်းရည်၊ စက်ယန္တရား စသည်တို့ကို ဖော်ပြပေးရန်လိုအပ်ကြောင်းသိရသည်။

Source – The Hindu Business Line, 28 July 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)