Main menu

ကြက်သွန်နီဈေးများမြင့်တက်လျက်ရှိ

Powered by Drupal

               ကြက်သွန်နီကို မန္တလေးတိုင်းအတွင်း၌ ကျောက်ဆည်၊ မြစ်သား၊ စဉ့်ကိုင်၊ တံတားဦး၊ မြင်းခြံ၊ တောင်သာ၊ နွားထိုးကြီး၊ ပျော်ဘွယ်၊ ရမည်းသင်းစသည့် ဒေသများတွင် စိုက်ပျိုးကြသည်။ ကြက်သွန်နီကို မိုးကြက်သွန်နီနှင့်‌ ဆောင်းကြက်သွန်နီဟူ၍ လအလိုက် ခွဲခြားစိုက်ပျိုးကြသည်။ မိုးကြက်သွန်ကို ကြက်သွန်ဥ မျိုးဥအသေးလေးများကို ပြန်လည်စိုက်ပျိုးခြင်းတို့ကြောင့် အစို အတိုင်းတူးဖော်ရောင်းချကြပြီး ကြာရှည်စွာအထားမခံပဲ ပုပ်လွယ်သည်။ မိုးကြက်သွန်နီကို လှောင်လက်များက သိုလှောင်ရောင်းချခြင်းမရှိကြပေ။ ဆောင်းကြက်သွန်နီသည် ကြက်သွန်မျိုး စေ့ကို ပျိုးထောင်၍ အပင်ငယ်ကလေးများ တစ်လခွဲသားအရွယ်တွင် ပျိုးပင်ကိုနုတ်၍ နေရာပြောင်းရွှေ့စိုက်ပျိုးကြသည်။ ကြက်သွန်နီကို မိုးရာသီကုန်၍ တန်ဆောင်မုန်းလနှင့် နတ်တော်လ တို့တွင် စိုက်ပျိုးကြပြီး တပို့တွဲလနှင့် တပေါင်းလများတွင် ဖြိုင်ဖြိုင်ထွက်ပေါ်ကြသည်။ ကြက်သွန် မြိတ်ခြောက်မှသာ တူးဖော်ရောင်းချကြသောကြောင့် ကြာရှည်စွာထားခံပါသည်။ ထို့ကြောင့် ဆောင်းကြက်သွန်နီကို ပိုမိုစိုက်ပျိုးကြကြောင်း သိရှိရသည်။ ကြက်သွန်နီမျိုးမှာ မြင်းခြံမျိုးနှင့် မြစ်သားမျိုး ဟူ၍ ရှိကြသည်။ မြစ်သားကြက်သွန်နီမှာ ဥဝိုင်းမျိုးဖြစ်ပြီး အခွံပါး၍ အသားနုသည်။ မြင်းခြံမျိုးမှာ ဥရှည်ပြီး အခွံထူကာ အသားကြမ်းသည်။ ယခုအခါ ဈေးကွက်အတွင်း၌ ကြက်သွန် နီဝင်ရောက်မှုနည်းပါးလာသောကြောင့် ဈေးမြင့်တက်လျက်ရှိပြီး ၂၀၂၆ ခုနှစ်၊ ဇွန်လ၌ ကြက်သွန် နီ(၁၀)ပိဿာလျှင်(၄၄၅၀၀-၄၅၀၀၀-၄၀၀၀၀)ကျပ် ဈေးရှိခဲ့ကြပြီး ယခု ဇွန်လိုင်ဒုတိယပတ်တွင် (၅၀၀၀-၄၅၀၀-၄၀၀၀)ကျပ်တို့ဖြင့် အရောင်းအဝယ်ရှိခဲ့ကြသည်။ ကြက်သွန်စိုက်တောင်သူများမှာ အထွက်နှုန်းကောင်းသော်လည်း ဈေးကောင်းမရရှိသည့်အချိန်တွင် ရောင်းချခြင်းမရှိဘဲ တောင်သူ လက်ဝယ်သိမ်းဆည်းထားပြီး ယခု ဇူလိုင်လမှစ၍ ကြက်သွန်နီများ ဈေးမြှင့်တက်လာသည့် အချိန်တွင်ထုတ်၍ ရောင်းချသူများအနည်းငယ်သာရှိသောကြောင့် ကြက်သွန်နီဈေးများ မြင့်တက် ကြောင်း ၂၉ လမ်း၊ ကိုင်းတန်းဈေး၊ ဈေးချိုရှိ ပွဲရုံများမှ သိရှိရသည်။

DOCA(မန္တလေး)