Main menu

ပခုက္ကူကုန်စည်ဒိုင်တွင် ပဲမျိုးစုံ၊ CPပြောင်းနှင့်ကြက်သွန်နီ အရောင်းအဝယ်ဖြစ်မှုအခြေအနေ

Powered by Drupal

          မကွေးတိုင်းဒေသကြီး၊ပခုက္ကူခရိုင်၊ ပခုက္ကူကုန်စည်ဒိုင်တွင် ပဲမျိုးစုံနှင့် စားဖိုဆောင်သီးနှံဖြစ်သည့် ပဲစဉ်းငုံ၊ ပဲတီစိမ်း၊ ကုလားပဲ၊ ထောဖြူ၊ မတ်ပဲ၊ CP ပြောင်းဖူးစေ့နှင့် ကြက်သွန်နီသီးနှံများ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

        ၂၀၂၆ခုနှစ်၊ ဇူလိုင်လ (ပထမပတ်)တွင် ပဲစဉ်းငုံ တစ်တင်းလျှင် ကျပ်(၉၅၈၀၀)ဖြစ်၍ ယခု (စတုတ္ထပတ်)တွင် တစ်တင်းကျပ် (၁၀၀၂၀၀)ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ပြည်ပဝယ်လိုအား ရှိသောကြောင့် ဈေးနှုန်းမြင့်တက်လျက်ရှိသော်လည်း အိတ်ရေ (၅၀၀၀)ခန့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

       ဇူလိုင်လ (ပထမပတ်)တွင် ပဲတီစိမ်းကြီး တစ်တင်းလျှင် ကျပ် (၇၃၀၀၀/၈၀၀၀၀) ဖြစ်၍ ယခု (စတုတ္ထပတ်)တွင် တစ်တင်းလျှင် ကျပ်(၈၇၅၀၀)ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ဈေးကွက် ဝယ်လိုအားရှိသောကြောင့် ဈေးနှုန်းအတက်ဖြင့် အိတ်ရေ (၄၅၀၀) ခန့် အရောင်းအဝယ်ဖြစ်လျက်ရှိ ကြောင်း သိရှိရပါသည်။

          ဇူလိုင်လ (ပထမပတ်)တွင် ပဲတီစိမ်းသေး တစ်တင်းလျှင် ကျပ် (၉၃၀၀၀) ဖြစ်၍ ယခု (စတုတ္ထပတ်)တွင် တစ်တင်းလျှင် ကျပ်(၉၃၅၀၀)ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ဈေးကွက်ဝယ်လိုအားရှိသောကြောင့် ဈေးနှုန်းအတက်ဖြင့် အိတ်ရေ(၃၅၀၀)ခန့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

             ဇူလိုင်လ (ပထမပတ်)တွင် ကုလားပဲ (929) တစ်တင်းလျှင် ကျပ် (၇၃၀၀၀) ကုလားပဲ (V6) တစ်တင်းလျှင်ကျပ် (၇၂၀၀၀) ဖြစ်၍ ယခု (စတုတ္ထပတ်) တွင် ကုလားပဲ (929) တစ်တင်းလျှင် ကျပ် (၇၆၀၀၀) ကုလားပဲ (V6) တစ်တင်းလျှင်ကျပ် (၇၃၈၀၀) ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ဈေးကွက်ဝယ်လိုအား ရှိသောကြောင့် ဈေးနှုန်းအနည်းငယ်မြင့်တက်ပြီး အိတ်ရေ(၄၀၀၀)ခန့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

            ဇူလိုင်လ(ပထမပတ်)တွင် ထောဖြူ (ကျွန်း)တစ်တင်းလျှင် ကျပ် (၆၅၀၀၀) ဖြစ်၍ ယခု (စတုတ္ထပတ်)တွင် ထောဖြူ(ကျွန်း)တစ်တင်းလျှင် ကျပ်(၆၅၀၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ဈေးနှုန်းတည်ငြိမ်ပြီး အိတ်ရေ (၅၀၀)ခန့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

          ဇူလိုင်လ (ပထမပတ်)တွင် မတ်ပဲ တစ်တင်းလျှင် ကျပ် (၈၀၀၀၀/၈၇၀၀၀) ယခု (စတုတ္ထပတ်) တွင် မတ်ပဲ တစ်တင်းလျှင် ကျပ်(၈၅၀၀၀/၉၇၀၀၀)ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ပြည်ပဝယ်လို အားရှိသောကြောင့် ဈေးနှုန်းမြင့်တက်လျက်ရှိသော်လည်း အိတ်ရေ (၃၀၀၀)ခန့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

            ဇူလိုင်လ (ပထမပတ်)တွင် CP ပြောင်းဖူးစေ့ တစ်တင်းလျှင် ကျပ် (၂၇၀၀၀) ဖြစ်၍ ယခု (စတုတ္ထပတ်)တွင် CP ပြောင်းဖူးစေ့ တစ်တင်းလျှင် ကျပ် (၂၇၅၀၀)ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ဈေးနှုန်းအနည်းငယ်မြင့်တက်သော်လည်း အိတ်ရေ (၁၀၀၀)ခန့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

          ဇူလိုင်လ (ပထမပတ်)တွင် ကြက်သွန်နီ တစ်ပိဿာလျှင် ကျပ် (၂၀၀၀/၄၀၀၀) ဖြစ်၍ ယခု (စတုတ္ထပတ်)တွင် ကြက်သွန်နီတစ်ပိဿာလျှင် ကျပ် (၃၀၀၀/၄၉၅၀) ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ဈေးနှုန်းအနည်းငယ်မြင့်တက်လာသော်လည်း ဈေးကွက်ဝယ်လို အားရှိသောကြောင့် ဥပုသ်မှလွဲ၍ နေ့စဉ် ပိဿာ (၁၅၀၀၀/၂၀၀၀၀)ခန့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

          ပခုက္ကူကုန်စည်ဒိုင်တွင် ပဲမျိုးစုံ၊ဆီထွက်သီးနှံနှင့်စားဖိုဆောင်သီးနှံများ အရည်အသွေးအလိုက် ဈေးနှုန်းများ အနည်းငယ်ကွာခြား၍ နေ့စဉ်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)