Languages

Main menu

စတုတ္ထအကြိမ်မြောက် e-Government ညီလာခံနှင့် ကွန်ပျူတာနည်းပညာပြပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမှ ပါဝင်ပြသ

Powered by Drupal

နေပြည်တော် ဖေဖော်ဝါရီ ၁၉

       စတုတ္ထအကြိမ်မြောက် e-Government ညီလာခံနှင့် ကွန်ပျူတာနည်းပညာပြပွဲကို ၂၀၂၀ ပြည့်နှစ် ဖေဖေါ်ဝါရီလ ၁၈ ရက်နေ့မှ ၁၉ ရက်နေ့ထိ နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ (MICC-II)၌ ကျင်းပခဲ့ရာ ဖွင့်ပွဲအခမ်းအနားသို့ e-Government ဦးဆောင်ကော်မတီ နာယက နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မိန့်ခွန်းပြောကြားခဲ့ပါသည်။ အခမ်းအနားသို့ e-Government ဦးဆောင်ကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေ၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌ ဦးမျိုးညွန့်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်း၊ e-Government ဦးဆောင်ကော်မတီ ဒုတိယဥက္ကဋ္ဌများဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီး ဦးမင်းသူနှင့် ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ၊ အဂတိ လိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ လွှတ်တော်ရေးရာကော်မတီ ဥက္ကဋ္ဌများ၊ ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ၊ မြန်မာ နိုင်ငံကွန်ပျူတာအသင်းချုပ်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်နှင့် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်တို့မှ နာယကများ၊ ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများ၊ အလုပ်အမှုဆောင်များ၊ အဖွဲ့ဝင်များ၊ နည်းပညာကုမ္ပဏီများမှ တာဝန်ရှိသူများနှင့် ပညာရှင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပါသည်။

         အဆိုပါပြပွဲတွင် နည်းပညာကုမ္ပဏီများမှ e-Government ဆိုင်ရာ စနစ်များ၊ နည်းပညာများနှင့် ၎င်းတို့၏ဝန်ဆောင်မှုများနှင့်ပတ်သက်၍လည်းကောင်း၊ ဝန်ကြီးဌာနများမှ e-Government ဆိုင်ရာလုပ်ငန်းဆောင်ရွက်ချက်များနှင့် ပတ်သက်၍လည်းကောင်း ပါဝင်ပြသခဲ့ကြပါသည်။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှလည်း e-Government လုပ်ငန်း ဆောင်ရွက်ချက်များနှင့်ပတ်သက်၍ ပြခန်းပါဝင်ပြခဲ့ပါသည်။

       စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနပြခန်းတွင် စားသုံးသူရေးရာဦးစီးဌာနအနေဖြင့်လည်း စားသုံးသူများသို့ ဝန်ဆောင်မှုပေးလျက်ရှိသော e-Government လုပ်ငန်းဆောင်ရွက်ချက်များဖြစ်သည့် www.doca.gov.mm Website ၊ အွန်လိုင်းမှတိုင်ကြားနိုင်သည့် နည်းစနစ်များနှင့် Governmnet Employees Payroll System တို့နှင့်ပတ်သက်၍ ဗီနိုင်းပိုစတာများ၊ လက်ကမ်းစာစောင်များနှင့် ဗွီဒီယိုဖိုင်များဖြင့် ပါဝင်ပြခဲ့ပါသည်။ ထို့ပြင် ကမ္ဘာ့ကုလသမဂ္ဂ၏ စားသုံးသူ အကာအကွယ်ပေးရေးဆိုင်ရာ လမ်းညွှန်ချက်များစာအုပ်များ၊ စားသုံးသူကာကွယ်ရေးဥပဒေစာအုပ်များ၊ စားသုံးသူ အခွင့်အရေးများနှင့်ပတ်သက်သည့် အသိပညာပေးလက်ကမ်းစာစောင်များ၊ စားသုံးသူရေးရာဦးစီးဌာန Website နှင့်တိုင်ကြားမှုပုံစံ တို့နှင့်ပတ်သက်သည့်လက်ကမ်းစာစောင်များ၊ အစိုးရဌာနများ၏ ဝန်ထမ်းများလစာစရိတ်တွက်ချက်ခြင်းစနစ် အသုံးပြုနည်းစာအုပ်နှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါသည်။

         ပြခန်းသို့လာရောက်လေ့လာကြည့်ရှုသူများမှလည်း စားသုံးသူရေးရာဦးစီးဌာန၏ e-Government ဆိုင်ရာ လုပ်ငန်းဆောင်ရွက်ချက်များနှင့်ပတ်သက်၍ စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သတင်းရရှိပါသည်။

ITQM(DOCA)