
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနနှင့် ရေတာရှည်မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ စားသုံးသူကာကွယ်ရေးနှင့် ပတ်သက်၍ အသိပညာပေး Talk Show ကို (၅.၆.၂၀၂၆)ရက်နေ့ နံနက်ပိုင်းတွင် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင်ပြုလုပ်ခဲ့ပါသည်။
အဆိုပါ Talk Show ဆွေးနွေးရာတွင် စားသုံးသူကာကွယ်ရေးဥပဒေနှင့် ပြဌာန်းချက်များ၊ စားသုံးသူ ကာကွယ်ရေးဥပဒေ၏ရည်ရွယ်ချက်များ၊ စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ စားသုံးသူနစ်နာဆုံးရှုံးမှု များနှင့် ပတ်သက်သည့် အကြောင်းအရာများကို မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သော်ဇင်အောင်နှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံဒေါ်ပပလင်းတို့က မေးမြန်းဆွေးနွေးခြင်း၊ ဖြေကြားအသိပေးခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။
ရေတာရှည်မြို့နယ်အတွင်းနှင့် ပြည်သူများအသိပညာရရှိရေးအတွက် အွန်လိုင်းမှတဆင့်သိရှိ စေရန်ရည်ရွယ်၍ကဏ္ဍအလိုက်ဆောင်ရွက်လျက်ရှိကြောင်းကို Talk Show များပြုလုပ်ကျင်းပခဲ့ပါသည်။
DOCA(ပဲခူး)
