Main menu

ချောင်းဆုံမြို့နယ်၊ ကမာမိုကျေးရွာရှိ ပြည်သူများအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ

Powered by Drupal

          ၁၈.၆.၂၀၂၆ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တာဝန်ခံ ဒေါ်ထက်ထက်နွေဦးသည် ချောင်းဆုံမြို့နယ်၊ ကမာမိုကျေးရွာ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ကျေးရွာနေပြည်သူများအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာများ တိုးပွားစေရန် ရည်ရွယ်၍ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြော ပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။

          အဆိုပါဟောပြောပွဲ စားသုံးသူရေးရာဦးစီးဌာနမှ ချောင်းဆုံမြို့နယ်တာဝန်ခံ ဒေါ်ထက်ထက်နွေဦးက ဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်၊ လုပ်ငန်းတာဝန်များ၊ စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ ကုန်ပစ္စည်းများ ဝယ်ယူသုံးစွဲရာတွင် မဝယ်မီ ကုန်အညွှန်းအမှတ်အသားများကို ဖတ်ရှုစစ်ဆေး၍ ဝယ်ယူသုံးစွဲရန် အရေးကြီးကြောင်း၊ သက်တမ်းကုန်ဆုံးရက်၊ ထုတ်လုပ်သည့်ရက်နှင့် ထုတ်လုပ်သူ၏ အချက်အလက်များကို စစ်ဆေး၍ဝယ်ယူရန် လိုအပ်ကြောင်း စသည်တို့ကို ရှင်းလင်းဟောပြောခဲ့ပြီး စားသုံးသူများအနေဖြင့် နစ်နာဆုံးရှုံးမှုများ ကြုံတွေ့ရပါက တိုင်ကြားနိုင်သည့် နည်းလမ်း များကို အသေးစိတ် ရှင်းလင်းဟောပြောဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)