
စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် (၅.၆.၂၀၂၆) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီတွင် ကမ်းနားလမ်း၊ ဂင်္ဂါဝတီခန်းမ၌ မြို့နယ်စိုက်ပျိုးရေး၊ မြေစာရင်းဌာန၊ စက်မှုလယ်ယာ၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ မြို့နယ် အခွန်ဌာနဆိုင်ရာများ၊ (GBS) ကုမ္ပဏီက ပုဂ္ဂလိကအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ကျင်းပပြုလုပ် သော မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ထပ်မံထုတ်ချေးပေးမည့် ချေးငွေအစီအစဉ်အသစ်နှင့် စိုက်ပျိုးရေးဖွံ့ဖြိုးမှု အခမ်းအနားသို့ တက်ရောက်ကာ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါအစည်းအဝေးတွင် ပြည်ခရိုင်ဦးစီးမှူးရုံး၊ စားသုံး/ထုတ်လုံတာဝန်ခံ ဒေါ်ဝင်းလဲ့ဝါ (ဦးစီးမှူး) မှ တက်ရောက်လာသည့် တောင်သူလယ်သမား (၂၈၂) ဦးတို့အား စားသုံးသူအခွင့်အရေး များနေ့ ဖြစ်ပေါ်လာပုံ၊ စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရ မည့် တာဝန်နှင့် တားမြစ်ချက်များ၊ နစ်နာဆုံးရှုံးမှုရှိပါက တိုင်ကြားနိုင်သည့် ပုဂ္ဂိုလ်များနှင့် နည်းလမ်းများ၊ တိုင်ကြားနိုင်မည့် ဖုန်းနံပါတ်နှင့် လိပ်စာ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ ပြစ်မှု ပြစ်ဒဏ်များအကြောင်း၊ သက်ဆိုင်ရာဌာနများက စားသုံးရန်မသင့်ဟု တားမြစ်ထုတ်ပြန်ထားသော ကုန်စည်များအား ရွေးချယ်ဝယ်ယူခြင်းမပြုရန်၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ပါဝင်သော ကုန်စည်များကိုသာ ရွေးချယ်ဝယ်ယူကြရန် အသိပညာပေး ပြောကြားခြင်းများ ဆောင်ရွက်ခဲ့ ကြောင်း သတင်းရရှိပါသည်။
DOCA(ပဲခူး)
