Main menu

အင်ဒိုနီးရှားနိုင်ငံ ကြက်သွန်ဖြူ တင်သွင်းမှုရပ်ဆိုင်းရန် ရည်မှန်း

Powered by Drupal

         သမ္မတ Prabowo Subianto ၏ စားနပ်ရိက္ခာဖူလုံရေး အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အင်ဒိုနီးရှားနိုင်ငံသည် လာမည့် ၃ နှစ်မှ ၄ နှစ်အတွင်း ကြက်သွန်ဖြူ ပြည်ပမှတင်သွင်းနေမှုကို ရပ်ဆိုင်းရန် ရည်မှန်းထားကြောင်း စိုက်ပျိုးရေးဆိုင်ရာ ဒုတိယဝန်ကြီး Sudaryono က ဇွန်လ ၁၇ ရက်နေ့တွင် ပြောကြားခဲ့သည်။

        အင်ဒိုနီးရှားနိုင်ငံ၏ ကြက်သွန်ဖြူ လိုအပ်ချက် ၉၀ ရာခိုင်နှုန်းကျော်ကို ပြည်ပမှတင်သွင်းနေရခြင်းဖြစ်ပြီး စိန်ခေါ်မှုအဓိကမှာ စိုက်ပျိုးရန် သင့်တော်သော ကုန်းမြင့်ဒေသများရှာဖွေရန်နှင့် ဒေသတွင်း ရာသီဥတုနှင့် ကိုက်ညီမည့် မျိုးစေ့များ ထုတ်လုပ်ရန်ဖြစ်ကြောင်း ဂျကာတာမြို့တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတစ်ခု၌ Sudaryono က ထည့်သွင်းပြောကြားခဲ့သည်။

        ၎င်းအပြင် ကြက်သွန်ဖြူ ဖူလုံမှုရှိစေရန်အတွက် စိုက်ပျိုးမြေ ဟက်တာ ၁၀၀,၀၀ ခန့် လိုအပ်မည်ဖြစ်ပြီး ယင်းပမာဏမှာ ဆန်စပါး ဖူလုံရေးကြိုးပမ်းမှုများနှင့် နှိုင်းယှဉ်ပါက များစွာလျော့နည်းကြောင်း ၎င်းက ဆိုသည်။

         အစိုးရအနေဖြင့် ပြည်တွင်းထုတ်လုပ်မှု တိုးတက်လာသည်နှင့်အမျှ ပြည်ပမှ တင်သွင်းမှုပမာဏကို တဖြည်းဖြည်း လျှော့ချမသွားမီ ပထမဦးစွာ မျိုးစေ့ထုတ်လုပ်ရေးနှင့် အခြားသော ထုတ်လုပ်မှုဆိုင်ရာ အခက်အခဲများကို ဦးစားပေးအာရုံစိုက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

Source : Xinhua                                                                                 

DOCA (ရန်ကုန်)