Main menu

ကျောက်မီးသွေးတင်ပို့မှုအားလုံးကို ဗဟိုချုပ်ကိုင်သွားမည့် အင်ဒိုနီးရှား

Powered by Drupal

          အင်ဒိုနီးရှား ကုန်သွယ်ရေးဝန်ကြီးဌာနသည် ကျောက်မီးသွေးတင်ပို့မှုအားလုံးကို နိုင်ငံပိုင်စီးပွားရေးလုပ်ငန်း (SOE) တစ်ခုတည်းအောက်တွင် ဗဟိုချုပ်ကိုင်သွားမည့် စည်းမျဉ်းသစ်တစ်ရပ် ကို ထုတ်ပြန်လိုက်ကြောင်း သိရပါသည်။ ကုန်သွယ်ရေးဝန်ကြီးဌာန၏ ၂၀၂၆ ခုနှစ် အမိန့်အမှတ် ၁၅ (Permendag No.15/2026) အရ နိုင်ငံပိုင်ကုမ္ပဏီကြီး PT Danantara Sumberdaya Indonesia (PT DSI) အား ကျောက်မီးသွေးတင်ပို့ခွင့် သီးသန့်ပေးအပ်မည့် အစီအစဉ်မတိုင်မီ အဆင့်လိုက်ကူးပြောင်းမှုကာလတစ်ရပ်ကို အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း သိရပါသည်။ ကုန်သွယ်ရေးဝန်ကြီးဌာန၏ စက်မှုနှင့် သတ္တုတွင်းထွက်ကုန်ပစ္စည်းများ တင်ပို့ရေးဌာန ညွှန်ကြားရေးမှူး Muhammad Rivai Abbas က မူလရည်ရွယ်ချက်မှာ ကျောက်မီးသွေး ကဲ့သို့သော မဟာဗျူဟာအရေးပါသည့်ကုန်စည်များကို အစိုးရမှသာတင်ပို့နိုင်စေရန်ဖြစ်ကြောင်းနှင့် သို့သော်လုပ်ငန်းစဉ်အတွင်း ပြင်ဆင်မှုများလိုအပ်နေသေးသဖြင့် အပြောင်းအလဲကို အဆင့်လိုက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ကူးပြောင်းရေးကာလကို ၂၀၂၆ ခုနှစ် ဇွန်လ ၁ ရက်မှ ဒီဇင်ဘာလ ၃၁ ရက်အထိ သတ်မှတ်ထားပြီး ထိုကာလအတွင်း တရားဝင် Registered Exporter (ET) လိုင်စင်ရှိသည့် ပုဂ္ဂလိကသတ္တုတွင်းကုမ္ပဏီများအနေဖြင့် ကျောက်မီးသွေးကို ကိုယ်တိုင်ဆက်လက်တင်ပို့နိုင်မည်ဖြစ်ကြောင်း သိရပါသည်။ သို့ရာတွင် တင်ပို့သူများသည် တင်ပို့ရေးစာရွက်စာတမ်းများ၊ အရောင်းစာချုပ်များနှင့် သက်ဆိုင်ရာ အချက် အလက်များအားလုံးကို ပေါင်းစည်းထားသည့်အီလက်ထရွန်နစ်စနစ်မှတစ်ဆင့် PT DSI သို့ တင်ပြရမည်ဖြစ်ပြီး တင်ပို့မှုများတွင် မိမိတို့၏ ET လိုင်စင်နှင့် Surveyor Report (LS) များကို ဆက်လက်အသုံးပြုရမည်ဖြစ်ကြောင်း သိရပါသည်။ အစိုးရအနေဖြင့် အဆိုပါ တင်ပို့ရေးစီမံခန့်ခွဲမှု စနစ်သစ်ကို စတင်အကောင်အထည်ဖော်ပြီး ပထမသုံးလအတွင်း တရားဝင်ပြန်လည်သုံးသပ် အကဲဖြတ်သွားမည်ဟု Abbas က ပြောကြားခဲ့ပါသည်။ ၂၀၂၇ ခုနှစ် ဇန်နဝါရီလ ၁ ရက်မှစတင်၍ PT DSI က ကျောက်မီးသွေးတင်ပို့ရေး လုပ်ငန်းစဉ်တစ်ခုလုံးကို အပြည့်အဝ ထိန်းချုပ်မည်ဖြစ်ပြီး အကောက်ခွန်မတိုင်မီ၊ အကောက်ခွန်ဆိုင်ရာနှင့် အကောက်ခွန်ပြီးနောက် လုပ်ငန်းစဉ်များအားလုံးကို တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရပါသည်။ ထိုလုပ်ငန်းတာဝန်များကို ဆောင်ရွက်နိုင်ရန် PT DSI သည် သယ်ယူပို့ဆောင်ရေးနှင့် ရောင်းချရေးအတွက် အထူးသတ္တု တွင်းလုပ်ငန်းလိုင်စင် (IUP) ရရှိထားရမည်ဖြစ်ပြီး ပုံမှန်စီမံခန့်ခွဲရေးဆိုင်ရာ လိုအပ်ချက်များနှင့် Surveyor Report တာဝန်များကိုလည်း ပြည့်မီရမည်ဖြစ်ကြောင်း သိရပါသည် စည်းမျဉ်းသစ် သည် HS 2701 အောက်ရှိ ဆက်စပ်ကုန်ပစ္စည်းအမျိုးအစား ၄ ခု၊ HS 2702 အောက်ရှိ ၂ ခုနှင့် HS 2703 အောက်ရှိ ၂ ခု စုစုပေါင်း အကောက်ခွန်နှုန်းထားအမျိုးအစား ၈ ခုအပေါ် အကျုံးဝင်မည်ဖြစ်ကြောင်း သိရပါသည် သို့သော် သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအတွက် အသုံးပြုမည့်ကျောက်မီးသွေးများ၊ ပြပွဲနမူနာများသို့မဟုတ် ပြန်လည်တင်ပို့မည့်လက်ကျန်ပစ္စည်းများကဲ့သို့ စီးပွားရေးမဟုတ်သော တင်ပို့မှုများကို ET နှင့် LS လိုအပ်ချက်များမှ ကင်းလွတ်ခွင့်ပြုထားကြောင်း သိရပါသည် ထို့အပြင် ကန့်သတ်ထားသည့် HS Code များနှင့် ကိုက်ညီသော်လည်း ကျောက်မီးသွေးမဟုတ်သော ကုန်ပစ္စည်းများကိုတင်ပို့သည့် ကုမ္ပဏီများနှင့် လိုင်စင်သက်တမ်း ကုန်ဆုံးသွားသော်လည်း ဥပဒေနှင့်အညီရှိနေဆဲ ထုတ်လုပ်ပြီးလက်ကျန်ကုန်ပစ္စည်းများကို ပိုင်ဆိုင်ထားသည့် တင်ပို့သူဟောင်းများကိုလည်း ခြွင်းချက်ပေးထားကြောင်း သိရပါသည်။ ဝန်ကြီးဌာနက တင်ပို့သူအားလုံးသည် တင်ပို့မှုအောင်မြင်သည်ဖြစ်စေ မအောင်မြင်သည်ဖြစ်စေ အစိုးရထံသို့ အီလက်ထရွန်နစ်စနစ်ဖြင့် အကောင်အထည်ဖော်မှု အစီရင်ခံစာများကို မဖြစ်မနေ တင်သွင်းရမည်ဟု သတိပေးထားကြောင်း သိရပါသည်။ ထိုဒစ်ဂျစ်တယ်အစီရင်ခံမှု စည်းမျဉ်းများကို မလိုက်နာသည့် ကုမ္ပဏီများအား ပြင်းထန်သည့် စီမံခန့်ခွဲရေးဆိုင်ရာ အရေးယူမှုများ ချမှတ်သွားမည်ဖြစ်ကြောင်း ကုန်သွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားကြောင်း သိရှိရပါသည်။

Antara News                                                                             

DOCA (ရန်ကုန်)