
မြို့နယ်အလိုက် ခွဲဝေရရှိသော စက်မှုလုပ်ငန်းသုံးစားအုန်းဆီများ သက်ဆိုင်ရာဒေသများသို့ သတ်မှတ်အရေအတွက်အတိုင်း ပြည့်စုံမှန်ကန်စွာ ရောက်ရှိရရှိစေရေးအတွက် အစဉ်တစ်စိုက်စစ်ဆေး ကြီးကြပ်မှုများကို ဆောင်ရွက်လျက်ရှိရာ စားသုံးသူရေးရာဦးစီးဌာန၊ မြင်းခြံခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင် ဦးစီးမှူး ဦးတင်ဇော်ထွေး ဦးဆောင်၍ ဝန်ထမ်းများသည် ၁.၆.၂၀၂၆ ရက်နေ့၊ နေ့လယ် ၁၂:၃၀ နာရီ အချိန်တွင် မြင်းခြံမြို့နယ် စားအုန်းဆီကိုယ်စားလှယ်၏ ရန်ကုန်မြို့ရှိ စားအုန်းဆီကုမ္ပဏီမှ စက်မှု လုပ်ငန်းသုံးများအတွက် ခွဲဝေရရှိသည့် စားအုန်းဆီ(၈၃)ပေပါရောက်ရှိမှုအား ကွင်းဆင်း စစ်ဆေးခဲ့ ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မြင်းခြံမြိို့နယ် စားအုန်းဆီကိုယ်စားလှယ်က စက်မှုလုပ်ငန်း သုံးများအတွက် ခွဲဝေရရှိသောဆီပေပါများသည် သတ်မှတ်ထားသောဆီပေပါများဖြင့် ထည့်သွင်းသယ် ဆောင်မှုရှိ/မရှိ၊ စားအုန်းဆီပေပါလုံးရေ ပြည့်စုံမှန်ကန်မှုရှိမရှိ၊ ကားနံပါတ်နှင့်ယာဉ်မောင်းတို့၏ အမည်များပြည့်စုံမှန်ကန်မှုရှိ/မရှိ၊ လက်လီဆိုင်များသို့ ဖြန့်ခွဲမည့်ပေပါလုံးရေ စာရင်းများကိုက်ညီ မှုရှိ/မရှိ၊ စိစစ်မှုများဆောင်ရွက်ခဲ့ပြီး အဆိုပါစားအုန်းဆီများကို လုပ်ငန်းများလုပ်ကိုင်ဆောင်ရွက် နေသော အလုပ်ရုံ/စက်ရုံများသို့ စနစ်တကျ ဖြန့်ခွဲပို့ဆောင်သွားမည်ဖြစ်ကြောင်းနှင့် လုပ်ငန်းရှင်များ အနေဖြင့်လုပ်ငန်းများတွင် အမှန်တကယ် အသုံးပြုမှုရှိ/မရှိကိုလည်း သက်ဆိုင်ရာတာဝန်ရှိသူများက စိစစ်ကြပ်မတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
DOCA(မန္တလေး)
