Main menu

တိရစ္ဆာန်အစာစရိတ်ကြောင့် ထိုင်းလယ်သမားများ အကျပ်တွေ့၊ ကြက်ဥစျေး ၂၀ စတန် (satang) မြင့်တက်

Powered by Drupal

          ထိုင်းနိုင်ငံတွင် ပြောင်းနှင့် တိရစ္ဆာန်အစာစရိတ်များ မြင့်မားလာမှုကို ဥစားကြက် မွေးမြူရေးသမားများ ရင်ဆိုင်နေရသဖြင့် ဇွန်လ ၈ ရက်နေ့မှစတင်ကာ ကြက်ဥတစ်လုံးလျှင် ၂၀ စတန် (satang) စျေးနှုန်းမြင့်တက်သွားခဲ့သည်။ သို့သော်လည်း အမှန်တကယ်ရောင်းချနေသည့် စျေးနှုန်းမှာ အစိုးရက သတ်မှတ်ပေးထားသည့် ခြံဖမ်းစျေး အမြင့်ဆုံးမျက်နှာကြက်အောက်တွင်သာ ရှိနေသေးကြောင်း ထုတ်လုပ်သူများက ပြောကြားခဲ့သည်။

        ပြောင်းနှင့် တိရစ္ဆာန်အစာစရိတ်များ မြင့်တက်လာမှုကြောင့် ကြက်မွေးမြူရေး တောင်သူများအပေါ် ဖိအားပိုမိုများပြားလာသဖြင့် ထိုင်းနိုင်ငံတွင် ဇွန်လ ၈ ရက် မှစတင်ကာ ကြက်ဥတစ်လုံးလျှင် ၂၀ စတန် စျေးနှုန်းမြင့်တက်လာခဲ့သည်။

      အလယ်ပိုင်းဒေသ အသေးစားဥစားကြက်မွေးမြူရေးသမားများ ကုန်သွယ်ရေးအသင်းက ယခု နောက်ဆုံးစျေးနှုန်းပြောင်းလဲမှုသည် ကုန်ထုတ်လုပ်မှုစရိတ်များ မြင့်တက်လာခြင်းကို ထင်ဟပ်နေခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ အသင်း၏ ဥက္ကဋ္ဌဖြစ်သူ Payao Arikul က လက်ရှိ စျေးကွက်အတွင်း အမှန်တကယ်ရောင်းချနေသည့် စျေးနှုန်းမှာ ကြက်ဥတစ်လုံးလျှင် ၃.၃၀ ဘတ်မှ ၃.၅၀ ဘတ်သို့ ပြောင်းလဲသွားခဲ့ခြင်းဖြစ်ပြီး၊ ရောရာဆိုဒ် (mixed-size) ကြက်ဥများအတွက် တစ်လုံးလျှင် ၃.၆၀ ဘတ် အတိုင်း ပြောင်းလဲမှုမရှိဘဲ ဆက်ရှိနေသည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။

          အကြံပြုစျေးနှုန်း (၃.၆၀ ဘတ်) ကို ၂၀၂၆ ခုနှစ် မတ်လကတည်းက သတ်မှတ်ထားခဲ့ပြီးဖြစ်သော်လည်း စျေးကွက်အတွင်း အမှန်တကယ်ရောင်းချသည့် စျေးနှုန်းမှာ ထိုအဆင့်အောက်တွင်သာ ရှိနေခဲ့သည်။

           ထို့ကြောင့် ယခုနောက်ဆုံး စျေးနှုန်းညှိနှိုင်းမှုသည် စျေးကွက်အတွင်း ရောင်းစျေးကို အကြံပြုထားသည့် အမြင့်ဆုံးဈေးနှုန်းနှင့် ပိုမိုနီးစပ်သွားစေရန် လုပ်ဆောင်ခြင်းသာဖြစ်ပြီး စျေးနှုန်းကျော်လွန်သွားခြင်းမရှိကြောင်း သိရသည်။

          ဥစားကြက်မွေးမြူရေးတောင်သူများသည် ကြီးမားသော စရိတ်စကဝန်ထုပ်ဝန်ပိုးများကို ဆက်လက်ရင်ဆိုင်နေရပြီး၊ အထူးသဖြင့် ပြောင်းစျေးနှုန်းမှာ တစ်ကီလိုဂရမ်လျှင် ၁၄ ဘတ် အထိ မြင့်တက်လာခဲ့သည်။ ယခင်က စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ပြောင်းစျေးကို တစ်ကီလိုဂရမ်လျှင် ၉.၈၀ ဘတ်ဝန်းကျင်တွင် ထိန်းထားရန် ကြိုးပမ်းမည်ဟု ရည်မှန်းထားခဲ့သည့် အဆင့်ထက် များစွာမြင့်မားနေခြင်းဖြစ်ကြောင်း သိရသည်။

          ထို့အပြင် အသင့်ဖျော် တိရစ္ဆာန်အစာစျေးနှုန်းများသည်လည်း မတ်လကတည်းကစ၍ ၄ ကြိမ်တိုင်တိုင် မြင့်တက်ခဲ့ပြီး နောက်ဆုံးစျေးနှုန်းမှာ တစ်အိတ်လျှင် ၄၄၀ ဘတ် အထိ ရောက်ရှိလာခဲ့သည်။

          အစိုးရ၏ “Thais Help Thais Plus” စီးပွားရေးလှုံ့ဆော်မှုအစီအစဉ်သည် စားသုံးသူများ၏ ဝယ်ယူနိုင်စွမ်းအားကို မြှင့်တင်ပေးနိုင်ခဲ့ပြီး၊ ကျောင်းဖွင့်ရာသီအစဖြစ်ခြင်းကြောင့်လည်း ကြက်ဥဝယ်လိုအားကို မြင့်တက်စေခဲ့သည်။

        ဤအချက်များကြောင့် တောင်သူများသည် အမှန်တကယ်ကုန်ကျသော ထုတ်လုပ်မှုစရိတ်ကို ပိုမိုထင်ဟပ်စေရန် စျေးနှုန်းကို အနည်းငယ်မြှင့်တင်နိုင်ခဲ့ခြင်းဖြစ်သည်ဟု သူမက ပြောကြားခဲ့သည်။ စျေးနှုန်းမြှင့်တင်လိုက်သော်လည်း တောင်သူများအနေဖြင့် အကြံပြုထားသည့် အမြင့်ဆုံးစျေးနှုန်းဖြစ်သော ကြက်ဥတစ်လုံးလျှင် ၃.၆၀ ဘတ်အောက်တွင်သာ ရောင်းချနေရဆဲဖြစ်သည်။

          လက်ရှိစျေးကွက်ပေါက်စျေး ဖြစ်သည့် ကြက်ဥတစ်လုံးလျှင် ၃.၅၀ ဘတ်သည် မြင့်တက်လာသည့် ကုန်ကျစရိတ်များကို အပြည့်အဝကာမိရန် မလုံလောက်သေးသည့်အတွက် ထုတ်လုပ်သူအများအပြားမှာ ဘဏ္ဍာရေးဆိုင်ရာ ဖိအားများကို ဆက်လက်ရင်ဆိုင်နေရဆဲဖြစ်ကြောင်း သိရှိရပါသည်။

Source : Nation Thailand                                                                      

DOCA (ရန်ကုန်)