
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ် မဲဇလီကုန်းမြို့ ဗိုလ်အောင်ကျော်စျေး နှင့် မြို့ပေါ်ရှိ ဆေးဆိုင်များ ကုန်စုံဆိုင်များ မုန့်အမျိုးမျိုးဆိုင်များ မုန့်ဟင်းခါးဖတ်ဆိုင်များ၊ ဟင်းသီးဟင်းရွက်ဆိုင်များသို့ (၃.၆.၂၀၂၆)နေ့ နံနက် (၇း၃၀) အချိန်မှစ၍ ဟင်္သာတခရိုင်အစားအသောက် နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနဦးဆောင်၍ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စားသုံးသူရေးရာဦးစီး ဌာန၊ ကျန်းမာရေးဦးစီးဌာန မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်းသော အဖွဲ့သည် သက်တမ်းကျော်လွန်သော ဆေးဝါးများ ရောင်းချမှု ရှိ/မရှိ၊ ကုန်ပစ္စည်းများပေါ်တွင် မြန်မာဘာသာဖြင့်ကုန်အညွှန်းအသားဖော်ပြခြင်းများရှိ/မရှိ၊ငရုပ်သီးများ၊မျှစ်များနှင့်အချိုရည်များတွင် ဆိုးဆေးပါဝင်ခြင်းရှိ/မရှိ၊ မုန့်ဟင်းခါးဖတ်များတွင် ဖော်မလင်သုံးစွဲထားမှု ရှိ/မရှိကွင်းဆင်းစစ်ဆေး၍ နမူနာများရယူခြင်းများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
ထိုသို့ကွင်းဆင်းရာတွင် ပူးပေါင်းအဖွဲ့သည် မဲဇလီကုန်းမြို့ ဗိုလ်အောင်ကျော်စျေးအတွင်းရှိ ဆိုင်များတွင် ရောင်းချသော အစားအသောက်များ၊ ငရုတ်သီးမှုန့်၊ ပဲပြား၊ မုန့်ဖတ်များနှင့် ပြန်လည် ပြုပြင်ထုတ်ပိုးထားသော ကုန်စည်များတွင် ဓါတုဆိုးဆေးသုံးစွဲထားမှု ရှိ/မရှိ၊ Date လွန်ကုန်စည်များ ရောင်းချမှု ရှိ/မရှိ စစ်ဆေးခဲ့ပြီး၊ အသင့်စားသောက်ကုန်စည်များတွင်လည်း မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ကြော်ငြာထားသော ညွှန်ကြားချက် အမှတ်(၂/၂၀၁၉)နှင့်အညီ မြန်မာ ဘာသာဖြင့် ပြည်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာ ရောင်းချလျက်ရှိကြောင်း၊ ဓါတုဆေးသုံးစွဲသော ကုန်စည်များ ရောင်းချမှုမရှိဘဲ ပုံမှန်အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သတင်း ရရှိပါသည်။
DOCA ဧရာဝတီ
