
စီးပွားရေးနှင့် ကူသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် စားအုန်းဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေး ကော်မတီနှင့် Capital Connect Co., Ltd တို့ ပူးပေါင်း၍ အကောင်အထည်ဖော် ဆောင်ရွက်နေသည့် Edible Oil System (ESO) စနစ်အသုံးပြု၍ စားအုန်းဆီ ဖြန့်ဖြူးခြင်းလုပ်ငန်းအား လက္ကား၊ လက်လီ ကိုယ်စားလှယ်များအား စနစ်ထည့်သွင်းခြင်းနှင့် သင်တန်းပေးခြင်းလုပ်ငန်းစဉ်ကို ပဲခူးတိုင်းဒေသကြီး အတွင်း ဆောင်ရွက်လျှက်ရှိရာ ၂၀၂၆ခု မေလ ၃၀ ရက်နေ့ နံနက် (၈:၀၀) အချိန်တွင် ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် နတ်တလင်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာန ရုံးတွင် ပြုလုပ်ခဲ့ပါသည်။
ရှေးဦးစွာ Capital Connect Co., Ltd တာဝန်ရှိသူ တစ်ဦးက Edible Oil System (ESO) စနစ်ထည့်သွင်းခြင်းနှင့် ပတ်သက်သည့် အကြောင်းအရာများနှင့် စနစ်ထည့်သွင်းရာတွင် လိုအပ်သည့် အချက်အလက်များအား အသေးစိပ်ရှင်းလင်း ပြောကြားခဲ့ပြီး၊ Capital Connect Co., Ltd ဝန်ထမ်းများက နတ်တလင်းခရိုင်အတွင်းရှိ မြို့နယ် (၄)မြို့နယ်မှ စားအုန်းဆီ ဖြန့်ဖြူးရောင်းချသည့် လက်ကား ကိုယ်စားလှယ် (၄)ဦး၊ လက်လီ ကိုယ်စားလှယ် (၅၃)ဦး စုစုပေါင်း ကိုယ်စားလှယ် (၅၇)ဦးတို့အား စနစ်များထည့်သွင်းပေးခဲ့ကြောင်းသိရသည်။
DOCA(ပဲခူး)
