Main menu

ဖြူးမြို့တွင် စားသုံးသူနစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက တိုင်ကြားခြင်းနှင့် ဖြေရှင်းဆောင်ရွက်ပေးခြင်းဆိုင်ရာ အသိပညာပေး Talk Show အစီအစဉ်ဆောင်ရွက်

Powered by Drupal

              ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့တွင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ် တာဝန်ခံ ဒေါ်သန္တာစိုး သည် ၂၀၂၆ ခုနှစ်၊ ဇွန်လ ၃ ရက်နေ့ ၊နံနက် (၁၀:၀၀) နာရီတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး  ၊ လူထုအခြေအနေပြု ဗဟိုဌာန (Community Centre) တွင် စားသုံးသူ နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက တိုင်ကြားခြင်းနှင့် ဖြေရှင်းဆောင်ရွက်ပေးခြင်းဆိုင်ရာ အသိပညာပေး Talk Show အစီစဉ်ဆောင်ရွက်ခဲ့ပါသည်။

        စားသုံးသူ နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက တိုင်ကြားခြင်းနှင့် ဖြေရှင်းဆောင်ရွက်ပေးခြင်းဆိုင်ရာ သိသင့်သိထိုက်သည့် အချက်များကို ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အိမာဟိန်း သိလိုသည်များကို မေမြန်းရာ မြို့နယ်တာဝန်ခံက စားသုံးသူကာကွယ်ရေး ဥပဒေ အခန်း (၁)၊ ပုဒ်မ (၂)ပါ စားသုံးသူကာကွယ်ရေးနှင့်စားသုံးသူ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်အကြောင်း၊ စားသုံးသူ ကာကွယ်ရေးဥပဒေ အခန်း(၉)၊ ပုဒ်မ(၂၀)ပါ  စားသုံးသူ၏တာဝန်များအကြောင်း၊ စားသုံးသူ ကာကွယ်ရေး ဥပဒေ အခန်း(၉)၊ပုဒ်မ(၁၉)ပါ  စားသုံးသူ၏ အခွင့်အရေးများဖြစ်သော ကုန်စည် သို့မဟုတ်  ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အခြေခံလိုအပ်ချက်များပေါ်တွင် စိတ်ကျေနပ်မှုရရှိစေခြင်း၊ ဘေး အန္တရာယ် ကင်းရှင်း စွာ အသုံးပြုခွင့်ရှိခြင်း၊ ကုန်စည်   သို့မဟုတ်   ဝန်ဆောင်မှုကို  ရွေးချယ်ဝယ်ယူ အသုံးပြုရာတွင် လိုအပ်သော  သတင်းအချက်အလက်များ ပြည့်စုံမှန်ကန်စွာသိရှိခွင့်နှင့် ပြေစာ သို့မဟုတ် အထောက် အထားရယူခွင့်ရှိခြင်း၊ စားသုံးသူများ စိတ်ကြိုက်‌ရွေးချယ်ဝယ်ယူနိုင်ခွင့်ရှိခြင်း စသည့် အချက်များ   ကုန်စည်/ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူက တောင်းဆိုနိုင် သည့် အခွင့်အရေးနှင့် စားသုံးသူများအား Consumer Call Center လိုင်းခွဲ(၁) သို့ လက်တွေ့ခေါ်ဆို၍ တိုင်ကြားရမည့် နည်းလမ်းများအကြောင်း၊ ကုန်စည်များကို ဝယ်ယူ သုံးစွဲရာတွင် ကုန်အညွှန်း အမှတ် အသား ပြည့်စုံမှန်ကန်မှုရှိသော ကုန်စည်များကိုသာ ဝယ်ယူ သုံးစွဲရန်၊ စားသုံးသူ နစ်နာ ဆုံးရှုံးမှုများအတွက် တိုင်ကြားရန် CICC ရုံးခန်းများကို ဖွင့်လှစ်ထားရှိမှုနှင့် ဖြေရှင်းပေးနေမှု အခြေအနေများ၊ Call Center  1535 သို့ တိုက်ရိုက်ခေါ်ဆို မေးမြန်း တိုင်ကြားနိုင်ပါကြောင်း အသိပညာပေး ဟောပြောခဲ့ပါသည်။

DOCA(ပဲခူး)