Main menu

တောင်ငူခရိုင်မီးသတ်ဦးစီးဌာနတွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပ

Powered by Drupal

             စားသုံးသူများ၏အခွင့်အရေးများကို အမေရိကန်သမ္မတ ဂျွန်ဖက်(ဖ်)ကနေဒီက ၁၉၆၂ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့တွင်ကျင်းပသည့် အမေရိကန်ကွန်ဂရက်အစည်းအဝေးတွင် စတင်ဖေါ်ထုတ်ခဲ့ပြီး ၎င်းနေ့ကို ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့အဖြစ် သတ်မှတ်ခဲ့ပါသည်။ စားသုံးသူများ၏အခွင့်အရေး အပြည့်အဝ ရရှိစေရေးရည်ရွယ်၍ မြန်မာနိုင်ငံတွင် ၂၀၁၉ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့၌ စားသုံးသူ ကာကွယ်ရေးဥပဒေကို ပြဌာန်းခဲ့ပါသည်။ မြန်မာနိုင်ငံတွင်စားသုံးသူကာကွယ်ရေးဥပဒေ ပေါ်ပေါက်လာ သည်နှင့်အညီ စားသုံးသူ များနစ်နာဆုံးရှုံးမှု မဖြစ်ပေါ်စေရန်ရည်ရွယ်၍ ဈေးကွက်များအတွင်းကွင်းဆင်း စစ်ဆေးခြင်း၊ အသိပညာ ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျှက်ရှိပါသည်။

                 ၂၀၂၆ ခုနှစ်၊ ဇွန် လ ၁ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူး ဦးမျိုးအောင်၊ ဦးမင်းဇော် ဒု-ခရိုင်ဦးစီးမှူးနှင့် ဦးနေစိုးထက်၊ ဒု-ဦးစီးမှူးတို့သည် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်ရှိ ခရိုင်မီးသတ်ဦးစီးဌာနအစည်းအဝေးခန်းမ၌ စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ ကျင်းပခဲ့ပါသည်။ အစည်းအဝေးသို့မီးသတ်ဝန်ထမ်းများနှင့် မိသားစုဝင်များ တက်ရောက်ခဲ့ပြီး ဟောပြောပွဲသို့(၃၉)တက်ရောက်ခဲ့ပါသည်။ ခရိုင်မီးသတ်ဦးစီးမှူးမှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မိမိတို့ဝန်ထမ်းများအနေဖြင့် ယခုဟောပြောမည့် အကြောင်းအရာများအား သေချာစွာ နားထောင်ကြရန် လိုအပ်ပြီး မိမိတို့နားလည်သည့် အကြောင်းအရာများအား ပြန်လည်မျှဝေကြရန် မှာကြားခဲ့ပါသည်။ တောင်ငူခရိုင်ဦးစီးမှူး၊ ဦးမျိုးအောင်မှ ယနေ့ကျင်းပသည့် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲသို့ တက်ရောက်လာသည့် ဝန်ထမ်းများနှင့်မိသားစုဝင်များအား စားသုံးသူကာကွယ်ရေး ဥပဒေစတင်ပေါ်ပေါက်လာပုံ၊ ကုန်စည်နှင့်ဝန်ဆောင်မှုအကြောင်းများအား ရှင်းလင်းဟော ပြောခဲ့ပြီး ဦးမင်းဇော်၊ ဒု-ခရိုင်ဦးစီးမှူးမှ စားသုံးသူအခွင့်အရေး(၈)ချက်၊ စားသုံးသူနစ်နာဆုံးရှုံးပါက တိုင်ကြားရမည့် လိပ်စာ၊ Hot Line နံပါတ်တို့အား Power Point ဖြင့်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)