Main menu

ပန်းတနော်မြို့နယ် စပါးဆန် လက်ကျန်စာရင်းများ ၂၀၂၆ခုနှစ် မေလ ဖြည့်သွင်းဆောင်ရွက်မှုအား မြေပြင်ကွင်းဆင်းစစ်ဆေး

Powered by Drupal

           စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် တာဝန်ခံနှင့်ဝန်ထမ်းတို့သည် ၂၀၂၆ ခုနှစ်၊ မေလ (၃၁) ရက်နေ့၊ နေ့လယ် (၁၁:၃၀) နာရီအချိန်တွင် ပန်းတနော်မြို့နယ် ကျေးရွာများရှိ ဆန်စက်သို့နှင့် သိုလှောင်ရုံများ  ဆန်/စပါးလက်ကျန်စာရင်းကောက်ယူခြင်းနှင့် MSMEs ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းစိစစ်ခဲ့ကြောင်း သိရသည်။

           အဆိုပါ ကွင်းဆင်းစိစစ်ရာတွင် ပန်းတနော်မြို့နယ် ကျေးရွာများတွင် တည်ဆောက်ထားသည့် ဆန်စက်များနှင့် သိုလှောင်ရုံများမှ  ဆန်စပါးကြိတ်ခွဲလည်ပတ်မှုကို ကြည်ရှုစစ်ဆေးခြင်း၊ မေလ လကုန်အတွက် ဆန်စက်၊ သိုလှောင်ရုံများမှ လဆန်း(၇)ရက်မှ ၁၀ရက်အတွင်း မြေပြင် လက်ကျန်အခြေအနေမှန်ကို MYRO တွင် ဖြည့်သွင်း ဆောင်ရွက်ရန်နှင့် သိုလှောင်မှု အမှန်တကယ်အခြေအနေများကို စာရင်းကောက်ယူနိုင်ရန် စစ်ဆေးဆောင်ရွက်ခြင်းများ လုပ်ဆောင်လျက်ရှိပြီး  ပန်းတနော်မြို့နယ်မှ  တောင်သူ၊ စက်ပိုင်၊ ကုန်သည်တို့ သိုလှောင်ထားရှိရာလုပ်ငန်းများတွင် စပါး ဆန် လက်ကျန်စာရင်းများကို  လစဉ် လဆန်း ၇ရက်နေ့တွင် myro၌ ကုန်ရ၊ ကုန်ထုတ်၊ လက်ကျန် စပါး/ဆန်ဖြည့်သွင်းရေး အခြေအနေများ ဖြည့်သွင်းဆောင်ရွက်နိုင်ရေးကို ကြပ်မတ်ဆောင်ရွက်လျက်ရှိပြီး စာရင်းကောက်ယူခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။ လိုအပ်ပါက ဒေသန္တရအဖွဲ့အစည်းများဖြင့် မြေပြင်ကွင်ဆင်းအမှန်တကယ် သိုလှောင်မှု အခြေအနေများကို ကွင်ဆင်းခြင်းများ လုပ်ဆောင်လျက်ရှိသည်။ မအူပင်မြို့နယ် ၂၀၂၆ခုနှစ် မေလ ၃၁ နောက်ဆုံးတင်သော စာရင်းအရ  ဆန်/စပါး လက်ကျန်အခြေအနေများမှာ စပါးအနေဖြင့် တောင်သူ ၂၈၀၂၆၃၆ တင်း၊ ဆန် ၃၅၀၀ အိတ်၊  စက်ပိုင် စပါးတင်း ၃၅၅၀၀၀ တင်း၊ ဆန် ၇၄၀၀ အိတ်၊  ကုန်သည် စပါးတင်း ၇၆၀၀၀၊ ဆန် ၃၀၀၀ အိတ်၊ ဆန်ဆိုင် ၆၈၀၀ အိတ်၊  စုစုပေါင်း စပါးတင်း ၃၂၃၃၆၃၆  နှင့်၊ ဆန် ၂၀၇၀၀ အိတ်ရှိကြောင်း မြို့နယ်ကွင်းဆင်း စစ်ဆေးခြင်းစာရင်းများအရ သိရှိရပါသည်။

DOCA(ဧရာဝတီ)