Main menu

မအူပင်ခရိုင်စားသုံးသူရေးရာကော်မတီအစည်းအဝေး(၂/၂၀၂၆)အားခရိုင်အုပ်ချုပ်ရေးမှူး၏ရုံးခန်း တွင်ကျင်းပ

Powered by Drupal

           ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် စားသုံးသူရေးရာကော်မတီ၏ ဒုတိယအကြိမ်မြောက် လုပ်ငန်း ညှိနှိုင်းအစည်းအဝေး ၂/၂၀၂၆ ကို (၂၈.၅.၂၀၂၆) ရက်နေ့ နေ့လယ်  (၁၅:၀၀)နာရီတွင် မအူပင်ခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

          အစည်းအဝေးတွင် မအူပင် ခရိုင်စားသုံးသူရေးရာကော်မတီဥက္ကဌ မှ အဖွင့်အမှာစကားပြောကြားရာ ၁/၂၀၂၆ခုနှစ် ဆုံးဖြတ်ချက် ၆ချက်အား တက်ရောက်သူများ သိရှိနိုင်ရန် ရှင်းလင်းတင်ပြရန်လိုအပ်ကြောင်း၊ စားသုံးသူကာကွယ်ရေးလုပ်ငန်းစဉ်များဖြစ်သည့် စားသုံးသူကာကွယ်ရေးလှုပ်ရှားမှုများကို ကော်မတီသို့ တင်ပြဆွေးနွေးရန် လိုအပ်ချက်များရှိပါက ပိုမိုလှုပ်ရှားဆောင်ရွက်ရန် လိုအပ်ကြောင်းအဖွင့်အမှာစကားပြောကြား ခဲ့သည်။

    ဆက်လက်၍  အတွင်းရေးမှူး မှ အထက်ဌာနများ၏ ညွှန်ကြားချက်များနှင့် အမှာစာများကိုဆွေးနွေးခဲပြီး ဆေးလိပ်အတု အခွန်တံဆိပ်ခေါင်းမဆောင်သော ဆေးလိပ်နှင့် ပတ်သက်၍ ကုမ္ပဏီမှ တင်ပြလာမှုအပေါ် အခွန်ဦးစီးဌာန မှ ဦးဆောင်၍ ကွင်းဆင်းစစ်ဆေးမှုများလုပ်ဆောင်ခဲ့ရာ ဈေးကွက်အတွင်း ဆေးလိပ်များမှာ အခွန်တံဆိပ်ခေါင်း မှန်ကန်ကြောင်း စစ်ဆေးမှုများကို ပြန်လည်တင်ပြလာခဲ့သည်။  တိုင်ကြားမှုများနှင့်ပတ်သက်၍ လည်း ဖြေရှင်းဆောင်ရွက်နိုင်သည့် ဘောင်အတွင်း စီမံခန့်ခွဲမှုနည်းလမ်းအရ ခရိုင်ကော်မတီတင်ပြပြီး စားသုံးသူနစ်နာမှု မရှိအောင် သက်ဆိုင်ရာညွှန်ကြားချက်များအတိုင်း ဖြေရှင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဆေးဆိုင်များ ဆေးဝါးစစ်ဆေးခြင်း၊ ဈေးကစားမှုကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း၊ ၂၀၂၆ခုနှစ် မတ်လ မှ မေလအထိ လှုပ်ရှားမှုများအရ အသိပညာပေးမှု ၁၂ကြိမ်လျာထားမှုအပေါ် ၂၈ကြိမ်ပိုမိုဆောင်ရွက်နိုင်ပြီဂ  ၂၃.၃ ရာခိုင်နှုန်း ဆောင်ရွက်နိုင်ကြောင်း၊ လုပ်ငန်းရှင်အသိပညာပေးမှု ၁၂ကြိမ်အပေါ် ၁၃ကြိမ်လုပ်ဆောင်နိုင်ပြီး  ရာခိုင်နှုန်း ပိုမိုဆောင်ရွက်နိုင်ကြောင်း ဦးစားပေးဝန်ဆောင်မှုကဏ္ဍ ၃ရပ်မှာ အစားအသောက်၊ သယ်ယူပို့ဆောင်မှု ကဏ္ဍများကို စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း၊ ထုတ်ကုန်ဈေးကွက်၊ အွန်လိုင်းစစ်ဆေးခြင်း၊ ကုန်အညွှန်းဈေးကွက် မရောက်မီစစ် ဆေးခြင်း ရက် ၁၀၀ စီမံချက်အတွင်း တက္ကသိုလ်၊ ကောလိပ်၊ အခြေခံပညာကျောင်းများ စစ်ဆေး ဆောင်ရွက်ရန် စီမံဆောင်ရွက်လျှက်ရှိကြောင်းရှင်းလင်းတင်ပြခဲ့သည်။

             ကော်မတီဥက္ကဌမှ အခြားတက်ရောက်သည့် ဌာနများမှ ဈေးကွက်အတွင်း စစ်ဆေးဆောင်ရွက်ရန် လုပ်ငန်း လျာထားချက်များရှိပါက တင်ပြဆွေးနွေးရန်နှင့် ကော်မတီအဖွဲ့ဖြင့် စစ်ဆေးဆောင်ရွက်ရမည့် လုပ်ငန်းများကိုလည်း ပူးပေါင်းဆောင်ရွက်ကြရန်၊ ဒေသတွင်း ပြည်သူများ စားအုန်းဆီနှင့်ပတ်သက်၍ ဈေးကွက်အတါင်း ဈေးကျလာပြီး ပြင်ပဈေးနှုန်းပါ တည်ငြိမ်ကျဆင်းလာကြောင်း၊ အမှတ်တံဆိပ်ပါဘူးဆီများလည်း ဈေးနှုန်းတည်ငြိမ်ရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ရွှေဈေး၊ တရားမဝင်ကုန်သွယ်မှု၊ လူသုံးကုန်၊ စားသုံးကုန်၊ အိမ်ဆောက်ပစ္စည်း၊ ကုန်စည်နှင့် ဝန်ဆောင်မှု အကုန်အပါအဝင်ရက် ၁၀၀ စီမံချက်အတွင်း ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရန် နှင့် ကုန်စည်များထုတ်လုပ်ရာတွင် ကောင်းမွန် သော ကုန်စည်ထုတ်လုပ်မှုကျင့်စဉ် အတိုင်း ရောင်းချထုတ်လုပ်နိုင်ရန်၊ ဈေးရောင်းချသူ လုပ်ငန်း၇ှင်များကိုလည်း ဖိတ်ကြား၍ အသိပညာပေး ဟောပြောဆောင်ရွက်ရန်လိုအပ်ကြောင်းကို မှာကြားခဲ့ဆွေးနွေးခဲ့သည်။

          ဆက်လက်၍ တက်ရောက်လာသော အဖွဲ့ဝင်အသီးသီးတို့မှ သိလိုသည်များတင်ပြ မေးမြန်း ဆွေးနွေး ဆောင်ရွက်ခဲ့ကြပြီး အခြေခံလူတန်းစားမှ ၊ အလွှာအသီးသီး လူတန်းစားမခွဲခြားပဲ စားသုံးသူ တန်းတူ အခွင့်အရေး ရရှိရေး အခြေခံအဆင့်ဆင့် ဆွေးနွေးတင်ပြနိုင်ရန်လိုအပ်ကြောင်း အထက်ဌာန၏ အမိန်၊ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ရန်ကို အသိပေးမှာကြားဆွေးနွေးခဲ့ပြီး အစည်းအဝေးကို (၁၅:၄၅)နာရီတွင် ရုတ်သိမ်းခဲ့ကြောင်း သိရပါသည်၊၊

DOCA(ဧရာဝတီ)