Main menu

ဖျာပုံမြို့မဈေးကြီးအတွင်း ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

                        ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် မြို့မဈေးကြီးအတွင်း ရောင်းချနေသော ကုန်စုံဆိုင်များအား ဈေးနှုန်းတည်ငြိမ်ရေးနှင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာပါဝင်မှုရှိ/မရှိအား  ၂၀၂၆ခုနှစ်၊ ဇွန်လ ၂ရက်၊ နံနက် ၁၀နာရီအချိန်တွင်  ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြပါသည်။    အဆိုပါကွင်းဆင်းစစ်ဆေးရာတွင်  စားသုံးသူရေးရာ ဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်း၍ဖျာပုံမြို့မဈေးကြီးအတွင်းရှိကုန်စုံဆိုင်များတွင် ရောင်းချနေ သောကုန်ပစ္စည်းများတွင်ထုတ်လုပ်သည့်ရက်စွဲ၊သက်တမ်းကုန်ဆုံးရက်၊ပါဝင်ပစ္စည်းနှင့် သုံးစွဲပုံညွှန်ကြား ချက်နှင့်ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာပါဝင်သော ကုန်ပစ္စည်း များကိုသာရောင်းချကြရန်၊ အခြေခံ စားသောက်ကုန်များသတ်မှတ်ရည်ညွှန်းဈေးနှုန်းများဖြင့်ရောင်းချခြင်းရှိ/မရှိ၊ဈေးနှုန်းအဆမတန်မြှင့်တင်ရောင်းချမှုများမရှိကြစေရန်နှင့် ကုန်စုံဆိုင်ပိုင်ရှင်များအား လိုအပ်သည်များ မှာကြားဆွေးနွေး ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)