
ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ၁.၆.၂၀၂၆ ရက်နေ့၊ နေ့လယ်(၁၀:၃၀)နာရီအချိန်တွင် ဖျာပုံမြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ ဒုခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ၊ပြည်တွင်းအခွန်များဦးစီးဌာန၊ကျန်းမာရေးဦးစီးဌာန၊အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ တိုပါဝင်သောပူးပေါင်းအဖွဲ့ဖြင့် MeviusOriginalBlue"အမှတ်တံဆိပ် ကိုရည်ညွှန်း၍ ထုတ်ကုန်အတုများ ဈေးကွက်အတွင်းတွေ့ရှိလာသည့်အတွက် ဆေးလိပ်အတုထုတ်ကုန်များနှင့် အစိုးရအခွန်တံဆိပ်အတု အသုံးပြုမှုရှိ/မရှိကို ဖျာပုံမြို့နယ်ရှိ ကုန်မျိုးစုံဆိုင်များနှင့်စတိုးဆိုင်များဆိုင်သို့ သက်ဆိုင်ရာဌာနများဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။
ထိုသို့စစ်ဆေးရာတွင် ဈေးကွက်အတွင်း Mevius Original Blue အမှတ်တံဆိပ် စစ်ဆေးခဲ့သည့် ဆိုင်များတွင် သက်ဆိုင်ရာကုမ္ပဏီများမှလာရောက်ပို့ဆောင်ခြင်းဖြစ်ကြောင်းနှင့်၊ ဆေးလိပ်အတု ထုတ်ကုန်များနှင့်အခွန်တံဆိပ်အတုအသုံးပြုမှုများကိုလည်း မတွေ့ရှိရပါကြောင်းနှင့် အခြားစီးကရက် အမျိုးအစားများကိုသာတွေ့ရှိရကြောင်းကွင်းဆင်းစစ်ဆေးချက်အရသိရှိရပါသည်။
ထို့နောက် စားသုံးသူရေးရာဦးစီးဌာနမှ ဒုခရိုင်ဦးစီးမှူးက စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်းစေရေးကိုအလေးထားဆောင်ရွက်ရန်၊ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ပါရှိမှသာ ဈေးကွက်အတွင်း ပြန်လည်ရောင်းချကြရန် ဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။ DOCA(ဧရာဝတီ)
