
စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်မိုးမိုးကြည် (ဌာနခွဲစာရေး)နှင့် ဝန်ထမ်းများသည် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနတို့ပူးပေါင်း၍ သာကေတမြို့နယ်ရှိ စားသောက်ဆိုင်(၃)ဆိုင်သို့(၃.၆.၂၀၂၆)ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် ဝန်ဆောင်မှုကဏ္ဍ ၃ရပ်နှင့်စပ်လျဉ်း၍ စစ်ဆေးရမည့်အစားအသောက်ရောင်းချသည့် ဝန်ဆောင်မှုများနှင့်ပတ်သက်၍ စားသောက်ဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ဆောင်ရွက်တွင် ဒေါ်မိုးမိုးကြည် (ဌာနခွဲစာရေး)က စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာစားသုံးနိုင်ရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန်၊ စားသုံးသူများ စားသုံးရန်(သို့)အသုံးပြုရန် သင့်/မသင့်စစ်ဆေးခဲ့ပြီး၊ အဆိုပါ စစ်ဆေးရာတွင် စားသောက်ဆိုင်အနေဖြင့် သတင်းအချက်အလက်ဝန်ဆောင်မှုူနှင့်ပတ်သက်သော အချက်အလက်များ ပွင့်လင်းမြင်သာမှုရှိ/ မရှိ အစားအသောက်ပြုပြင် ရောင်းချသည့်နေရာများ သန့်ရှင်းသပ်ရပ်မှုရှိ/မရှိ၊ စားသောက်ဆိုင်ဝန်ထမ်းများ တစ်ကိုယ်ရည်သန့်ရှင်းမှုရှိ/မရှိ၊ အစားအသောက်များ လတ်ဆတ်သန့်ရှင်းမှုရှိ /မရှိ၊ အစားအသောက်ဈေးနှုန်းများ ကြိုတင်အသိပေးဖော်ပြထားခြင်းရှိ/မရှိအဖွဲ့စုံဖြင့် စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။ ထို့နောက်ပတ်ဝန်းကျင်သန့်ရှင်းမှုတို့ကို အလေးထားဆောင်ရွက်ရန်နှင့် သက်ဆိုင်ရာဌာနများ၏ စီးပွားရေးလုပ်ငန်းရှင်များအား ပစ္စည်းများ၏ထုတ်ပိုးမှုအပြင်အဆင် ပေါ်တွင် စားသုံးသူကာကွယ်ရေးဥပဒေပါအခန်း(၁၈)၌ပါရှိသည့်ကုန်အညွှန်းအမှတ်အသားများ ပြည်စုံစွာပါရှိစေရန်၊ စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များကို လိုက်နာဆောင်ရွက်ရန် အသိပညာပေးဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ရန်ကုန်)
