
စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေပါ အကြောင်းအရာများအား စီးပွားရေးလုပ်ငန်းရှင်များအပါအဝင် စားသုံးသူပြည်သူတစ်ရပ်လုံး သိရှိစေနိုင်ရေးအတွက် လစဉ် Talk Shoပြုလုပ်၍အသိပညာပေးလျက်ရှိရာ(၂၆.၅.၂၀၂၆)ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် မြင်းခြံမြို့ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ လူထုအခြေပြုဗဟိုဌာန(Community Center) ခန်းမ၌ ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါ Talk Show အစီအစဉ်တွင် မြင်းခြံခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး ဦးတင်ဇော်ထွေး သည် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွန်းအမှတ်အသားများနှင့်စပ်လျဉ်း၍ ‘‘ကုန်အညွှန်း အမှတ်အသားမှသည် စားသုံးသူဘေးကင်းလုံခြုံမှုဆီသို့’’ ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးရာတွင် ကုန်စည်နှင့် ဝန်ဆောင်မှုများ ဝယ်ယူသုံးစွဲရာတွင် မိမိအတွက်လုံခြုံစိတ်ချရမှုရှိစေဖို့ ကုန်အညွှန်း အမှတ်သားများအား သေချာစွာဖတ်ရှုဖို့လိုအပ်သလို လူတိုင်းဖတ်ရှုနိုင်အောင်လည်း မြန်မာဘာသာ ဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ မဖြစ်မနေထည့်သွင်းဖော်ပြပေးရန် ဥပဒေအရသတ်မှတ်ပြဌာန်းထားရှိမှုများ၊ ကုန်စည်အမျိုးအစား အလိုက်ထည့်သွင်းဖော်ပြရမည့်အချက်များ၊ ပြည့်စုံစွာဖော်ပြပါရှိသော ကုန်ပစ္စည်းများကိုသာ ဝယ်ယူသုံးစွဲကြရန်နှင့်ရွေးချယ်မှုများ ပြုလုပ်တတ်စေရန်အချက်များ ကုန်စည်နှင့်ဝန်ဆောင်မှုများ ဝယ်ယူသုံးစွဲ ခြင်းကြောင့် နစ်နာဆုံးရှုံးမှုများ မဖြစ်ပေါ်ရေးအတွက် ကုန်အညွှန်းအမှတ်အသားများကို စိစစ်ကြည့်ရှု၍ ဝယ်ယူသုံးစွဲကြရန်နှင့် လုပ်ငန်းရှင်များမှလည်း မိမိတို့၏ ကုန်စည်နှင့်သက်ဆိုင်သည့် ကုန်အညွှန်း အမှတ်အသားများကို ဥပဒေပါပြဌာန်းချက်များနှင့်အညီ မှန်မှန်ကန်ကန်ထည့်သွင်း ဖော်ပြပေးခြင်းဖြင့် စားသုံးသူ၊ ထုတ်လုပ်သူနှစ်ဉီးနှစ်ဖက် အကျိုးရှိစေပြီး စီးပွားရေးတံခါးကြီးလည်း ပွင့်လမ်းလာမည်ဖြစ် ကြောင်း စသည်ဖြင့်ကုန်အညွှန်းအမှတ်အသားအကြောင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူး ဦးထိန်လင်းနှင့် အမေးအဖြေများဖြင့် အပြန်အလှန်ဆွေးနွေး အသိပညာပေး ခဲ့ကြောင်း သိရသည်။
DOCA(မန္တလေး)
